နောက်ဆုံးရသတင်းများ

နိုင်ငံတော်သမ္မတသည် သမ္မတဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်နှင့် ဥယျာဉ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ မှုတို့ကို လှည့်လည်ကြည့်ရှုပြီး ဂျော့ရှ် ဝါရှင်တန်၏ ဂူဗိမာန်တွင် ပန်းခွေချဂါရဝပြုသည်။

နိုင်ငံတော်သမ္မတသည် ဝါရှင်တန်မြို့ရှိ ဂျက်ဖာဆင်ဟိုတယ်(Jefferson Hotel) ၌ Think-Tank အဖွဲ့အစည်းဖြစ်သည့် Center for Strategy and International Study (CSIS) အဖွဲ့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။  

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေ(၁၈)ရက် ဒေသစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၅ဝ)တွင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်၊ မေရီလန်းပြည်နယ်နှင့် ဝါရှင်တန်မြို့တို့တွင် ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စုသို့ အလုပ်သဘော ခရီး သွားရောက်ရန်အတွက် မေ(၁၇)ရက်ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ရာ မေ(၁၈)ရက် နံနက်ပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Chung Hong-won အား မေ ၁၉ ရက် ညနေ ၃ နာရီတွင် ချင်းမိုင်မြို့ရှိ ခေတ္တတည်းခိုသည့် Imperial Hotel ၌ လက်ခံ တွေ့ဆုံသည်။

သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စုသို့ အလုပ်သဘော ခရီး သွားရောက်ရန်အတွက် မေ(၁၇)ရက်ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ရာ မေ(၁၈)ရက် နံနက်ပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည့် ကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန်အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးရုံးက မေ ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အလုပ်သဘော ခရီးသွားရောက်ရန် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာသွားသည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Chung Hong-won အား မေ ၁၉ ရက် ညနေ ၃ နာရီတွင် ချင်းမိုင်မြို့ရှိ ခေတ္တတည်းခိုသည့် Imperial Hotel ၌ လက်ခံ တွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် ချင်းမိုင်မြို့၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေးနှင့် ဗန်ကောက်မြို့၌ ကျင်းပမည့် (၁ဝ) ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် မေ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၄ဝ တွင် ချင်းမိုင်မြို့သို့ ရောက်ရှိကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေးနှင့် ဗန်ကောက်မြို့၌ ကျင်းပမည့် (၁၀)ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ ညနေ(၃)နာရီတွင် မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ ချင်းမိုင်မြို့သို့ ထွက်ခွာသွားသည်။

ရခိုင်ပြည်နယ် အမ်းမြို့၌ ရောက်ရှိနေသည့် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် ၈ နာရီတွင် အမ်းမြို့ တပ်နယ် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ဒုတိယသမ္မတက နိုင်ငံတော်အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများတွင် လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်းစာနာ ထောက်ထားမှု အပြည့်ဖြင့် စောင့်ရှောက်နေခြင်း ဖြစ်ပါကြောင်း၊ စိုးရိမ်ကြောက်ရွံ့စိတ်များ မထားဘဲ ယုံကြည်စိတ်ချစွာ အစီအမံများအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုပါကြောင်း၊ အရေးကြီးဆုံး အချက်မှာ မုန်တိုင်းဒဏ်ကြောင့် လူ့အသက်များ ဖိတ်စဉ်ဆုံးရှုံးမှု မရှိစေရန်ပင် ဖြစ်ပါကြောင်း၊

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၄၇/၂ဝ၁၃

မိန့်ခွန်းကောက်နှုတ်ချက်

မိမိတို့အစိုးရ တာဝန်ယူချိန်တွင် ပြည်သူများ၏ဆန္ဒနှစ်ခုဖြစ်သည့် တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရရှိရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ရာသီဥတုကောင်းမွန်မှု၊ သယံဇာတကြွဝမှု၊ မြေဆီသြဇာ ကြွယ်ဝမှုစသည့် ရေခံမြေခံ ကောင်းများရှိသကဲ့သို့ တရုတ်၊ အိန္ဒိယတို့ကဲ့သို့သော အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးနေသည့် ဈေးကွက်ကြီးများနှင့်လည်း ဆက်စပ်နေသဖြင့် မိမိတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းပါက ၁၉၆ဝ ခုနှစ် မတိုင်မီက အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ ရပ်တည်နိုင်ခဲ့သည့် အဆင့်အတန်းကို ပြန်လည်ရရှိလာမည် ဖြစ်ကြောင်း။ (ဝါရှင်တန်မြို့ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားရာမှ)

အခန်းကဏ္ဍ

လူဝင်မှုကြီးကြပ်ရေး

Black List မှ ထပ်မံပယ်ဖျက်ပေးခြင်း

အကြောင်းအမျိုးမျိုးကြောင့်    Black  List ရေးသွင်းခံရသော ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအနက် အောက်ပါ ကုမ္ပဏီ (၂၀၄) ခုနှင့် လူပုဂ္ဂိုလ် (၅၈၇) ဦးတို့အား (၂၆-၁၁-၂၀၁၂ ) ရက်နေ့တွင် Black  List မှ ပယ်ဖျက်ပေးခဲ့ကြောင်း သတင်းရရှိပါသည် -

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန် ဘာသာဝင်များရဲ့ ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင် များရဲ့ ဘုရားကျောင်းများအတူ ယှဉ်တွဲတည်ရှိနေပြီး နိုင်ငံသားများ အကြားမှာလည်း သမိုင်းနဲ့ချီတဲ့ လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။

 

 

Subscribe to Myanmar President Office RSS
www.president-office.gov.mm
This is the official website of Myanmar President Office