နိုင်ငံတော်သမ္မတဦးထင်ကျော် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၁၂

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယူကရိန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပါဗလိုကလင်းကင်အား ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူများအကြား ထိတွေ့ ဆက်ဆံမှုများ တိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင် နိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍  ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ထိုင်းနိုင်ငံဆိုင်ရာ ယူကရိန်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အန်ဒရေးဘတ်စ်ရှတာနှင့် တာဝန် ရှိသူ များတက်ရောက်ကြသည်။