နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မလေးရှားနိုင်ငံဆိုင်ရာနှင့် လာအိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအဖြစ် သွားရောက်တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်များမှ ဩဝါဒလမ်းညွှန်မှု ခံယူ

Printer-friendly versionSend by email

နေပြည်တော် မတ် ၇

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးစိန်ဦးနှင့် လာအိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးကိုကိုနိုင် တို့သည် ယနေ့ နံနက်(၁၀) နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သမ္မတရုံးခန်း၌ လာရောက် တွေ့ဆုံပြီး နိုင်ငံတော်သမ္မတ၏ ဩဝါဒနှင့် လမ်းညွှန်မှုခံယူခဲ့ကြသည်။