တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဩစတြီးယားနိုင်ငံ သံအမတ်ကြီးအား နိုင်ငံတော်သမ္မတဦးထင်ကျော် လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၁၃

 

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဗန်ကောက်မြို့အခြေစိုက် ဩစတြီးယားနိုင်ငံသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဩစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Enno Drofenik အား နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ၊ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးခင်လတ်၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြီးယားနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးအောင်သန်းဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။