နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် နီပေါနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာပေးအပ်

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အဲဒွါဒို ကပူနန် ဂျူနီယာ သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဘင်း ကေ အူးဒက်စ် သည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် တို့ တက်ရောက်ကြသည်။