နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ တောင်အာဖရိကနိုင်ငံ သံအမတ်ကြီးနှင့် မက္ကဆီကိုနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာပေးအပ်

Printer-friendly versionSend by email

ဇွန်၂၉၊၂၀၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ တောင်အာဖရိကသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ ပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဂျက်ဖရီ ကွင်းတန် မစ်ချယ် ဒွက်ချ် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

 

အလားတူ နိုင်ငံတော်သမ္မတဦးထင်ကျော် ထံ မြန်မာနိုင်ငံဆိုင်ရာ မက္ကဆီကို ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး မစ္စတာ နေသန် ဝုဖ် လပ်စ်ဘာဒါ သည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

 

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် တို့ တက်ရောက်ကြသည်။