နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံ၏ ဝါရင့်ဝန်ကြီး၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော်၊ ဇူလိုင် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဝါရင့်ဝန်ကြီး၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး မစ္စတာ ပရတ်ဆုတ်ခွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ - ကမ္ဘောဒီးယား  နှစ်န်ိုင်ငံပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ကုန်သွယ်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊  နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများထိတွေ့ ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးမင်းသူနှင့် တာဝန်ရှိ သူများတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ဝါရင့်ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Sok Chea လည်းတက်ရောက်သည်။