နိုင်ငံတော်သမ္မတ ဦးထင်ကျော် အိန္ဒိယသမ္မတနိုင်ငံ၀န်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီအား ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆို

Printer-friendly versionSend by email



နေပြည်တော် စက်တင်ဘာ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရား၀င်ချစ်ကြည်ရေး ခရီးရောက်ရှိနေသော အိန္ဒိယ သမ္မတနိုင်ငံ၀န်ကြီးချုပ် ရှရီ နာရန် ဒရာမိုဒီအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။

 

အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီသည် ညနေ ၆နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။



ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကာ ဂုဏ်ပြုကြိုဆိုပွဲ သို့ တက်ရောက်လာကြသည့် အဖွဲ့၀င်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။

 

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီသည် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။

 

ထို့နောက် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။



ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီ နာရန်ဒရာမိုဒီတို့ သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်အတူ ပြည်ထောင်စု၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်၀င်း၊ ဦးကျော်တင့်ဆွေ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်၊ ဦး၀င်းခိုင်၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ဦးမင်းသူ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောငေ်၀နှင့် တာ၀န်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် အိန္ဒိယသမ္မတ နိုင်ငံ၀န်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီအား ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Vikram Misri လည်း တက်ရောက်သည်။