မြန်မာနိုင်ငံအခြေပြု နိုင်ငံတကာသံတမန်များအဖွဲ့ မောင်တောဒေသအတွင်း ကွင်းဆင်းလေ့လာ

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၁၁

အမေရိကန်၊ ဗြိတိန်၊ ဩစတေးလျသံရုံးနှင့် ECHO  တို့မှ သံတမန်များပါဝင်သည့် မြန်မာနိုင်ငံ အခြေပြု နိုင်ငံတကာသံတမန်များအဖွဲ့သည် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မီးလောင် နေရာများ၊ ကျေးလက်ဆေးပေးခန်းများသို့ ယမန်နေ့က သွားရောက်ပြီး စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေများကို ကွင်းဆင်းကြည့်ရှု လေ့လာမေးမြန်းကြသည်။

သံတမန်များအဖွဲ့သည် နံနက်ပိုင်းတွင် ကျီးကန်းပြင်ကျေးရွာအုပ်စု ဝါးပိတ်ကျေးရွာရှိ မီးလောင် မြေနေရာများနှင့် ဒါးကြီးစားကျေးရွာရှိ မီးလောင်မြေနေရာများကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မောင်တောမြို့မဈေးအား လည်းကောင်း လှည့်လည် ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် သံတမန်များအဖွဲ့သည် ညောင်ချောင်းကျေးရွာအုပ်စု ရွှေရင်အေး ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးခန်းနှင့် အလယ်သံကျော်ကျေးရွာ အုပ်စုရှိ ကျေးလက်ကျန်းမာရေး ဆေးခန်းများသို့ သွားရောက်ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လူနာရောက်ရှိမှု အခြေအနေ၊ အဖြစ်များသည့်ရောဂါများ၊ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေတို့အား မေးမြန်း ဆွေးနွေးကြသည်။

ထို့နောက် သံတမန်များအဖွဲ့သည် ဂေါ်ဒူသာရကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားအချို့အားတွေ့ဆုံ၍ စီးပွားရေး၊ လူမှုရေးအခြေအနေနှင့် လုံခြုံရေးအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။