မောင်တောမြို့နယ်ရှိ ကျေးရွာများအား ထောက်ပံ့

Printer-friendly versionSend by email

မောင်တော ဇန်နဝါရီ ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မောင်တောမြို့နယ် အတွင်း ဆန်နှင့်ပဲများ ထောက်ပံ့ခြင်းအား ဆက်လက်လုပ်ဆောင်လျက်ရှိရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးနှင့် တာဝန်ရှိသူ များသည် ယနေ့တွင် မြို့နယ်အတွင်းရှိ ကျေးရွာများအား သွားရောက်ထောက်ပံ့ပေးခဲ့သည်။

နံနက်ပိုင်းတွင် ဒါးကြီးစားကျေးရွာအုပ်စုရှိ မြောတောင်၊ ရေခပ်ချောင်းခွဆုံ ကျေးရွာများမှ အိမ်ထောင်စု ၂၅၇ စု လူဦးရေ ၁၈၀၃ ဦးအတွက် ဆန် ၆၄ ဒသမ ၂၅ အိတ်၊ ပဲလေးအိတ်နှင့် ၂၈ ပိသာကို ‘ဒါးကြီးစား စာသင်ကျောင်းတွင် လည်းကောင်း၊ ငါးခူရကျေးရွာအုပ်စုရှိ အထက်ပြူးမ၊ အောက်ပြူးမ၊ ငါးခူရ(ဟိန္ဒူ)၊ ဦးရှည်ကျ ကျေးရွာများမှ အိမ်ထောင်စု ၇၃၈ စု လူဦးရေ ၆၉၆၄ ဦးအတွက် ဆန် ၁၈၄ ဒသမ ၅ အိတ်၊ ပဲ ၁၂ အိတ်နှင့် သုံးပိဿာကို ငါးခူရကျေးရွာ ဓမ္မာရုံတွင် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ‘တောင်ပြိုကျေးရွာအုပ်စုရှိ တောင်ပြိုလက်ယာ၊ သဲချောင်း၊ လိပ်ရ၊ ဇီးပင်ချောင်း၊ ကျွန်းပေါက်ပြုစု၊ ရေတွင်းပြင်၊ မီးတိုက်ကျေးရွာများမှ အိမ်ထောင်စု ၁၁၉၁ စု လူဦးရေ ၁၀၄၁၉ ဦးအတွက် ဆန် ၂၉၇ ‘ဒသမ ၇၅ အိတ်နှင့် ပဲ ၁၉ အိတ်ကို တောင်ပြိုမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားသည်။ ယနေ့ မောင်တောမြို့နယ်အတွင်း ကျေးရွာများအား ထောက်ပံ့မှု စုစုပေါင်းမှာ ဆန် ၅၄၆ ဒသမ ၅ အိတ်နှင့် ပဲ ၃၆ အိတ်နှင့် တစ်ပိဿာရှိကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီ ၆ ရက်မှ ဇန်နဝါရီ ၁၁ ရက်အတွင်း မောင်တော မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၄ စု ကျေးရွာပေါင်း ၅၂ ရွာ အိမ်ထောင်စု ၇၃၈၁ စုမှ လူဦးရေ ၅၉၉၆၂ ဦးအတွက် ဆန် ၁၈၄၅ အိတ်၊ ပဲ ၁၂၃ အိတ် စုစုပေါင်းငွေကျပ်ကျပ် ၄၆၄ သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။