မောင်တောမြို့နယ်၌ ကျေးရွာသား ၁ ဦးသေဆုံး

Printer-friendly versionSend by email

မတ် ၁၆၊၂၀၁၇

မောင်တောမြို့နယ် ပွန်တီကျေးရွာနေ တန်ဒါများ ၅၉ နှစ်သည် မတ် ၁၅ ရက်နံနက် ၉ နာရီတွင် ရဲအောင်ချောင်းတံတားအနီး နွားကျောင်းထွက်သွားရာ ညနေပိုင်းတွင် နေအိမ်သို့ နွားများသာပြန်လည် ရောက်ရှိလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များက တောင်ပြိုရဲစခန်းသို့ သွားရောက် သတင်းပို့ခဲ့ကြသည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် လိုက်လံရှာဖွေခဲ့ရာ မတ် ၁၆ရက်နံနက်ပိုင်းတွင် တောင်ပြို- ကြိမ်ချောင်းကားလမ်းဘေး ပုဇွန်ကန်အနီး၌ ဦးခေါင်းပြတ်ရှ၊ လည်ဂုတ်ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ပြိုနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)