မောင်တောမြို့နယ် အောင်ဇံရဲကင်းမှလုယူခံရသည့် လက်နက်၃လက်အနက်မှ ကျန်ရှိနေသည့် ဘီအေ- ၆၃ အမျိုးအစားလက်နက် ၁ လက်ပြန်လည်တွေ့ရှိ

Printer-friendly versionSend by email

မတ် ၁၆ ၊ ၂၀၁၇

မောင်တောမြို့နယ် အောင်ဇံရဲကင်းမှ လက်နက်(၃)လက်အား (အမည်နှင့် နေရပ်) စီစစ်ဆဲ မသင်္ကာသူ(၅)ဦးမှ လုယူထွက်ပြေးသည့်သတင်းအား မတ်လ၁၁ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီတွင် အောင်ဇူနယ်မြေ ခေတ္တနယ်မြေမှုးနှင့် အဖွဲ့၊ အောင်ဇံကျေးရွာပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့တို့က သေနတ်လုယူ ထွက်ပြေးသွားသည့် လမ်းကြောင်းများအတိုင်း လိုက်လံရှင်းလင်းခဲ့ရာ နယ်စပ် မိုင်တိုင် ၄၂ အနီး ဝေလာတောင်ချောင်းဘေး၌ ဘီအေ- ၉၄(ကျည်အိမ်မပါ) ၂ လက်အားပြန်လည်တွေ့ရှိခဲ့သည်။

ကျန်ရှိသေးသည့် ဘီအေ-၆၃ သေနတ် ၁ လက်(ကျည် ၁၅တောင့်ပါကျည်အိမ် ၁ ခု) အားပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ရာ ယနေ့ မတ် ၁၆ ရက်နံနက် ၈ နာရီခွဲတွင် နယ်စပ်မှတ်တိုင် ၄၂ ကင်းစခန်း၏ နယ်စပ်ခြံစည်းရိုး အနောက်မြောက်ဖက် ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းရှိ ဘော်ရစ်တေလီရွာသား နှစ်ဦးက ရွာ၏အရှေ့ဖက်၂ မိုင်ခန့်ဝေးသည့် ဆာရာမတ်ချောင်း အရှေ့ဘက်ကမ်း ချုံပုတ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း ကင်းစခန်းသို့ လာရောက် အကြောင်းကြားခဲ့သည်။

နံနက် ၉ နာရီတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် နယ်စပ်ခြံစည်းရိုးအနီး သွားရောက်၍ အဆိုပါသေနတ်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိသူများထံမှ လက်ခံ လွှဲပြောင်းရယူခဲ့ကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)