ဂေါင်ညာကျေးရွာသား ၁ ဦး အသတ်ခံရ

Printer-friendly versionSend by email

ဇွန် ၁၇၊၂၀၁၇

မောင်တောမြို့နယ် ဂေါင်ညာကျေးရွာ နေ အဘူနာဆဲ ၃၄ နှစ်သည် ဇွန် ၁၅ ရက် ည ၇ နာရီခန့်က သူငယ်ချင်း ဖြစ်သူ အဘူဖော်ရစ် ၏ နေအိမ်သို့ ထမင်းစားသွားရာမှပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် ဇနီးဖြစ်သူနှင့်ကျေးရွာတာဝန်ရှိသူများက ဝိုင်းဝန်းရှာဖွေခဲ့ကြသည်။



ဇွန် ၁၆ ရက် နံနက် ၁၁ နာရီတွင်အဘူနာဆဲအား ဂေါင်ညာကျေးရွာ၏ အရှေ့ဘက်ချောင်းကမ်းစပ်းအနီး၌ ပြတ်ရှဒဏ်ရာများ၊ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိရပြီး မောင်တောဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။



ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဖြူနယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)