ဘူးသီး​တောင်​မြို့နယ်​ ဂူတာပြင်​​တောင်ရွာ​ ရာအိမ်​မှူ း ဓားထိုးခံရ

Printer-friendly versionSend by email

ဇွန်​ ၁၇၊၂၀၁၇

ဘူးသီး​တောင်​မြို့နယ်​ ဂူတာပြင်​​ကျေးရွာအုပ်​စု ဂူတာပြင်​​တောင်​ရွာ​နေ ရာအိမ်​မှူ း ဟာဘီဇူ ၅၂ နှစ်​သည်​ တစ်​ရွာတည်​း​နေ ဆယ်​အိမ်​မှူ း ဆူလ်​တန်​ ၄၀ နှစ်​နှင်​့အတူ ဇွန်​ ၁၆ ရက်​ ည ၁၁ နာရီက ရွာကင်​းများအားသွား​ရောက်​စစ်​​ဆေးခဲ့သည်​။



ကင်​းများစစ်​​ဆေးပြီး ရာအိမ်​မှူ းသည်​ အိမ်​သို့ပြန်​ဝင်​ရာ အ​မှောင်​ထဲမှ ပုဆိုးဖြင့်​မျက်​နှာဖုံးထားသည်​့ အမည်​မသိလူ၅ ဦး ရုတ်​တရက်​ထွက်​လာပြီး လူ ၁ ဦးက ရာအိမ်​မှူ းကို ဓားဖြင်​့ထိုးရာ

ဝမ်​းဗိုက်​အူထွက်​ဒဏ်​ရာရ၍ ​အော်​ဟစ်​​ခေါ်​ရာ အိမ်​​ပေါ်မှ သားဖြစ်​သူ ရှော်ဘီအစ္စလာမ် ဆင်​းလာစဉ်​ ​နောက်​ထပ်​ လူ ၁ ဦးက ခဲဖြင်​့ပစ်​​ပေါက်​သဖြင့် သားဖြစ်​သူ၏ ဦး​ခေါင်​းထိမှန်​​ပေါက်​ပြဲဒဏ်​ရာ ရရှိခဲ့ပြီးအမည်​မသိလူ ၅ ဦးမှာ ထွက်​​ပြေးတိမ်​း​ရှောင်​သွားသည်​။



လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များသည်​ ဒဏ်​ရာရရှိသည်​့ရာအိမ်​မှူ း(စိုးရိမ်​ရ)နှင်​့သားဖြစ်​သူ (မစိုးရိမ်​ရ)တို့ ၂ ဦးအား ဇွန်​ ၁၇ ရက်​ မွန်​းလွဲ ၁ နာရီတွင်​ ဘူးသီး​တောင်​​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့သည်​။



ဖြစ်​စဉ်​နှင်​့ပတ်​သက်​၍ ​ညောင်​​ချောင်​းနယ်​​မြေရဲစခန်​း၌ အမှုဖွင်​့ စုံစမ်​းစစ်​​ဆေးလျက်​ရှိ​ကြောင်​းသိရသည်​။

 

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)