ငါးခူရရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အမှုမှ တရားခံပြေး အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိ

Printer-friendly versionSend by email

 

ဇူလိုင် ၁၆၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက်က၂၀၁၆ ခုနှစ် ငါးခူရရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ် အမှုမှတရားခံပြေး အမျိုးသား ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

မောင်တောမြို့နယ် နယ်မြေ ၅ အောက်ပြူးမကျေးရွာ၌ BD/တရားခံပြေးများ ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၅ ရက် နံနက် ၅ နာရီခွဲမှစတင်၍ အောက်ပြူးမကျေးရွာအတွင်းရှိ အိမ်ထောင်စုစာရင်းများကို တရားခံပြေးစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ၂၀၁၆ ခုနှစ် ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် အမှုမှတရားခံပြေး အိမ်ထောင်စုအမှတ် ၄၇ ၌ နေသူ မော်လဝီအီခရစ် ၃၈ နှစ် ပါ အမျိုးသား ၆ ဦးအား ဖမ်းဆီးရမိသည်။

ဖမ်းဆီးရမိသည့် တရားခံပြေးများအား ငါးခူရ နယ်မြေစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)