ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သူ တရားခံပြေး ၂ ဦး ဖမ်းဆီးရမိ

Printer-friendly versionSend by email

 

ဇူလိုင် ၁၇၊‎၂၀၁၇

 

၂၀၁၆ ခုနှစ် ငါးခူရရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သူ တရားခံပြေး ၂ ဦးဖမ်းဆီးရမိခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၆ ရက် နေ့တွင်  မောင်တောမြို့နယ်  ဦးရှည်ကျ ကျေးရွာအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ၂၀၁၆ ခုနှစ် ငါးခူရ နယ်မြေရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေး မာမောက်ရော်ရှီ ၄၂ နှစ် နှင့် အာယုပ် ၃၃ နှစ် တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသည့် တရားခံပြေးများအား ငါးခူရ နယ်မြေစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)