တောင်တွင်းကြီး ဖြစ်စဉ် ထိထိရောက်ရောက် အရေးယူရန် ဖမ်းဆီးမှု ပြုလုပ်နေ

Printer-friendly versionSend by email

ယနေ့ည ၇နာရီ ၄၅ ခန်ု့တွင် တောင်တွင်းကြီးမြို့ ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတလျောက် ဆိုင်များ ကို တုတ်၊ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်စုတစုမှ ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း ကနဦးသတင်းများအရ သိရပါသည်။

 

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီး နိုင်ရေး ရဲတပ်ဖွဲ့တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိပါသည်။ ခရိုင်ရဲမှူးကိုယ်တိုင် ရှာဖွေဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း သိရပါသည်။

 

သွေးထိုးလှုံ့ဆော်မှုများ၊ အဓိကရုဏ်းဖန်တီးသူများအား နိုင်ငံတော်က ထုတ်ပြန်ထားပြီး ဖြစ်သည့်အတိုင်းထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါ၍ နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးအပ်ပါသည်။