မစ္စ ရန်ဟီလီနှင့်အဖွဲ့ ပေါင်မြို့နယ် ဇင်းကျိုက်ကုန်ထုတ်စခန်းသို့ သွားရောက်လေ့လာ

Printer-friendly versionSend by email

ပေါင် ဇန်နဝါရီ ၁၁

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းသို့ သွားရောက်လေ့လာသည်။

မစ္စရန်ဟီလီနှင့်အဖွဲ့သည် မွန်ပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ဇင်းကျိုက် ကုန်ထုတ်စခန်းဧည့်ရိပ်သာ၌ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စခန်း အခြေအနေနှင့် အကျဉ်းသားများ၏ အခြေအနေများကို မေးမြန်းပြီး အကျဉ်းသားများနှင့်  အိပ်ဆောင်များအား လိုက်လံကြည့်ရှုသည်။

ယင်းနောက် ဝတ်ကြီး ကျောက်ထုတ်လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုကာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းခဲ့ကြောင်းသိရသည်။