ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကော်မတီနှင့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

Printer-friendly versionSend by email

နေပြည်တော် မတ် ၂

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက် နိုင်ရန်နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲအစည်းအဝေးများ ကျင်းပနိုင်ရန်အတွက် ''ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကော်မတီ'' နှင့် ''ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအထူး လုပ်ငန်းအဖွဲ့'' တို့ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်(၂၆/၂ဝ၁၇)ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်က ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

 

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ အဆင့်မြင့် ကော်မတီကို ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ (၂)၊ အဖွဲ့ဝင်များအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တွဲဖက် အတွင်းရေးမှူး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတို့ဖြင့် ဖွဲ့စည်းထားသည်။

 

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ရေးအထူးလုပ်ငန်း အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ အတွင်းရေးမှူး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။