MNDAAလက်နက်ကိုင်အဖွဲ့များက လောက်ကိုင်မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်

Printer-friendly versionSend by email

နေပြည်တော် မတ် ၁၈

 

MNDAA လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်စစ်ကြောင်းများ၏ အဓိကထိုးစစ်ဆင်နေမှုကို နှောင့်နှေးစေရန်နှင့် လောက်ကိုင်မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ မတ် ၁၇ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်မှ ည ၁၀ နာရီခန့်အထိ နှစ်နိုင်ငံ နယ်စပ ဘီပီ-၁၂၆ နှင့် ဘီပီ -၁၂၇ အကြားမှနေ၍ ၁၀၇ မမ ဟုယူဆရသည့် Rသခုနအ ၁၀ လုံးဖြင့် ပစ်ခတ်နှောင့်ယှက်ခဲ့ကြောင်း သိရသည်။

 

MNDAA လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်များသည် နားလီ ကျေးရွာ ထိပ်တွင် တစ်လုံး၊ ထင်ပါကျိုင်းကျေးရွာအနီးတွင် လေးလုံး၊ လောက်ကိုင်မြို့ မဟာမြတ်မုနိ ဘုရားကုန်း အောက်ခြေ တောစပ်တွင် နှစ်လုံး၊ စစ်မှုထမ်း ဟောင်းအိမ်ရာအနီးတွင် သုံးလုံး စုစုပေါင်း ၁၀ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ကြောင့် စစ်မှုထမ်းဟောင်းအိမ်ရာရှိ လူနေထိုင်ခြင်းမရှိသည့် အိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ကျန်နေရာများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။