ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် မတ် ၁၁

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ လုပ်ငန်းကော်မတီများမှ ညှိနှိုင်းမှု ရလဒ်များကို သုံးသပ်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေးအတွက် ပူးတွဲ ကော်မတီ အတွင်းရေးမှူး အဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခင်ဇော်ဦး၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ စိုင်းကျော်ညွန့်၊  ဦးဇော်ဌေး၊ ဦးစိုင်းလ၊ ဦးနိုင်ငံလင်း၊ ဦးလှမောင်ရွှေ၊ ဒေါ်စောမြရာဇာလင်း၊ မင်းကျော်ဇေယျာဦး၊ ဗိုလ်ချုပ်စိုးနိုင်၊ ဦးမျိုးဝင်း၊ ဦးတာလှဖေ၊ ဦးအောင်စိုး၊ ခွန်မြင့်ထွန်းနှင့် ဦးမြင့်စိုးတို့ တက်ရောက်ကြသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် လုပ်ငန်းကော်မတီအစည်းအဝေးများ ကျင်းပနိုင်ခဲ့မှု၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှု၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ ရုံးလုပ်ငန်းဆိုင်ရာများနှင့် အထွေထွေ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။