ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ နိုင်ငံတော်သမ္မတ
|
၁၆။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။ |
||
|
၄ဝ။ |
(က) |
တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာကို သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာ၌ လိုအပ်လျှင် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် သက်ဆိုင် သည့် ဥပဒေပြုအခွင့်အာဏာများကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော် သမ္မတက သုံးစွဲဆောင်ရွက်ခွင့် ရှိသည်၊ |
|
၅ဝ။ |
(က) |
နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေ အဖြစ်သတ်မှတ်သည်၊ |
|
|
( ခ) |
နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသည် တို့နှင့်စပ်လျဉ်းပြီး ထူးခြားသော အခြေအနေ ရှိသည့် နယ်မြေများကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်လျှင် ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်နိုင်သည်။ |
|
၅၂။ |
(က) |
နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ နိုင်ငံတော်နယ်နိမိတ်ပြင်ဆင်သတ်မှတ်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူပေးပါရန် ပထမဦးစွာ အကြောင်းကြားရမည်၊ |
|
|
(ခ) |
နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော်သမ္မတ၏အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် အောက်ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို ရယူရမည် - |
||||||||
|
|
|
(၁) |
တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက် တင်မြှောက် ထားသည့် လွှတ်တော်တွင် ပါရှိသော လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံ ဆန္ဒမဲ၊ |
|||||||
|
|
|
(၂) |
မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်းကောင်း ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော်တွင် ပါရှိသော ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ၊ |
|||||||
|
|
|
(၃) |
ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၏ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ။ |
|||||||
|
|
( ဂ ) |
အထက်ပါအတိုင်း ထောက်ခံဆန္ဒမဲ အသီးသီးရရှိလျှင် နိုင်ငံတော် နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင် သတ်မှတ် ပေးရန် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးက နိုင်ငံတော်သမ္မတထံ အကြောင်းကြားရမည်၊ |
||||||||
|
|
(ဃ) |
အထက်ပါသတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ လွှတ်တော်တစ်ရပ်ရပ်ကဖြစ်စေ၊ ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ် များကဖြစ်စေ နယ်နိမိတ်ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စု လွှတ်တော်၏ သဘောထားကို ရယူဆောင်ရွက်ရမည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံလျှင် နိုင်ငံတော်နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက နိုင်ငံတော်သမ္မတထံ အကြောင်းကြားရမည်၊ |
||||||||
|
|
( င ) |
ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရရှိသည့်အခါ နိုင်ငံတော် နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ရမည်။ |
||||||||
|
၅၃။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်း ပေါ်ပေါက် လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမ ရယူရမည်၊ |
||||||||
|
|
( ခ ) |
ယင်းသို့ရယူသည့်အခါ ယင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ မရလျှင် ယင်းနယ်နိမိတ် ပြင်ဆင်သတ်မှတ်ခြင်းကို ဆောင်ရွက်ခြင်း လုံးဝမပြုရ၊ |
||||||||
|
|
( ဂ ) |
ယင်းမြို့နယ်အတွင်း နေထိုင်ကြသောဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ထက်ဝက်ကျော်က နယ်နိမိတ် ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒရယူရမည်၊ |
||||||||
|
|
(ဃ) |
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲ ရရှိလျှင် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးရမည်၊ |
||||||||
|
|
( င ) |
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်က နယ်နိမိတ်ပြင်ဆင်ရန် သဘော မတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမည်၊ |
||||||||
|
|
( စ) |
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံသုံးပုံနှင့် အထက်က နယ်နိမိတ် ပြင်ဆင် သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရမည်။ |
||||||||
|
၅၄။ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတ က လိုအပ်သလို ဆောင်ရွက်ပေးရမည်။ |
||||||||||
|
၅၇။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။ |
||||||||||
|
၅၈။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။ |
||||||||||
|
၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါ အတိုင်း ဖြစ်သည် - |
||||||||||
|
|
(က) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊ |
||||||||
|
|
( ခ ) |
မိမိနှင့်မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊ |
||||||||
|
|
( ဂ ) |
ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်၊ |
||||||||
|
|
(ဃ) |
နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်၊ |
||||||||
|
|
( င ) |
သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂ဝ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊ |
||||||||
|
|
|
ခြွင်းချက်။ |
နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက် ရမည်။ |
|||||||
|
|
( စ ) |
မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊ |
||||||||
|
|
(ဆ) |
လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများ အပြင် နိုင်ငံတော်သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။ |
||||||||
|
၆၁။ |
(က) |
နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်သည်၊ |
||||||||
|
|
( ခ ) |
ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများသည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်၊ |
||||||||
|
|
(ဂ) |
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်း နှစ်ကြိမ် ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရ၊ |
||||||||
|
|
(ဃ) |
နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ကြားဖြတ် တာဝန်ယူရသည့်ကာလကို ရာထူးသက်တမ်း တစ်ခုဟု မသတ်မှတ်ရ၊ |
||||||||
|
|
( င ) |
အကြောင်းတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ် တင်မြှောက်ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအသစ်၏ ရာထူးသက်တမ်း သည် မူလရာထူးသက်တမ်းကုန်ဆုံးသည် အထိသာ ဖြစ်ရမည်။ |
||||||||
|
၆၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ။ |
||||||||||
|
၆၃။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစား ယူပြီးဖြစ်သည် ဟုမှတ်ယူရမည်။ |
||||||||||
|
၆၄။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်း များတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ။ |
||||||||||
|
၆၅။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် အောက်ပါအတိုင်း ကတိသစ္စာ ပြုရမည်– |
||||||||||
|
|
''ကျွန်ုပ်--သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင် ဆောင်ရွက် ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ဥပဒေများကို လိုက်နာ ကျင့်သုံးဆောင်ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမို ထွန်းကားရေး အတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့်ကိုယ်ကို အပ်နှင်းသည်ဟု လေးနက် တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်'' |
|||||||||
|
၆၆။နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အခြားဥပဒေများက အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ထမ်းဆောင်ရမည်။ |
||||||||||
|
၆၇။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် လစာ၊ စရိတ်၊ ငွေကြေးရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရ။ |
||||||||||
|
၆၈။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်။ |
||||||||||
|
၆၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ဥပဒေဖြင့်သတ်မှတ်ထားသည့် လစာ၊စရိတ်နှင့် အဆောင်အယောင်များ ရရှိစေရမည်။ သင့်တင့် လျောက်ပတ်သည့် အိမ်တော်တစ်ဆောင်စီကိုလည်း ရရှိစေရမည်။ |
||||||||||
|
၇ဝ။နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် စွပ်စွဲပြစ်တင်ခံရ၍ ရာထူးမှ ရပ်စဲခံရခြင်းမှအပ တာဝန်ပြီးဆုံးသဖြင့် အနားယူပါက ဥပဒေနှင့် အညီ အငြိမ်းစားလစာနှင့် သင့်တင့်လျောက်ပတ်သော ထောက်ပံ့မှုများ ရရှိစေရမည်။ |
||||||||||
|
၇၁။ |
(က) |
နိုင်ငံတော်သမ္မတကိုဖြစ်စေ၊ ဒုတိယသမ္မတ တစ်ဦးဦးကိုဖြစ်စေ အောက်ပါအကြောင်း တစ်ရပ်ရပ် ဖြင့် စွပ်စွဲ ပြစ်တင်နိုင်သည် - |
||||||||
|
|
|
(၁) |
နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ |
|||||||
|
|
|
(၂) |
ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ |
|||||||
|
|
|
(၃) |
အကျင့်သိက္ခာပျက်ပြားခြင်း၊ |
|||||||
|
|
|
(၄) |
ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်း ပျက်ယွင်းခြင်း၊ |
|||||||
|
|
|
(၅) |
ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ |
|||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦးဦးကို စွပ်စွဲ ပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုး ပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်၊ |
||||||||
|
|
( ဂ ) |
ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံ မှသာ ဆက်လက်အရေးယူဆောင်ရွက်ရမည်၊ |
||||||||
|
|
(ဃ) |
လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ရန် ထောက်ခံလျှင် အခြားလွှတ်တော်တစ်ရပ်က ယင်းစွပ်စွဲချက်ကို အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးရမည်၊ |
||||||||
|
|
( င ) |
စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် သော်လည်းကောင်း ချေပခွင့်ပေးရမည်၊ |
||||||||
|
|
( စ ) |
စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပြီးသည့်အခါ စွပ်စွဲချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေးစေသော လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံးသုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသောပြစ်မှုသည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအားရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှရပ်စဲရန် ယင်းလွှတ်တော်က ပြည်ထောင်စု လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်၊ |
||||||||
|
|
(ဆ) |
ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် တင်ပြချက် ရရှိလျှင်ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ အား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်။ |
||||||||
|
၇၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူး သက်တမ်းမကုန်ဆုံးမီ ဆန္ဒအလျောက် နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။ |
||||||||||
|
၇၃။ |
(က) |
နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သော ကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင် နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော် သမ္မတ ရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦး အနက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယ ဆန္ဒမဲ အများဆုံးရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင် ရမည်၊ |
||||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွားသည့် အချိန်သည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူး ထံ ဆောလျင်စွာအကြောင်းကြားရမည်၊ |
||||||||
|
|
( ဂ ) |
ယာယီသမ္မတထံမှ အကြောင်းကြားစာကို ရရှိသည့်အခါ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတ အဖြစ် ဦးစွာရွေးချယ် တင်မြှောက်ပေးခဲ့သည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတတစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးက ဆောင်ရွက် ပေးရမည်၊ |
||||||||
|
|
(ဃ) |
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပြီးပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယ သမ္မတ သုံးဦးအနက် မိမိတို့ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ရမည်၊ |
||||||||
|
|
( င ) |
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် ယာယီ သမ္မတထံမှ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီးလစ်လပ်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အထက်ပါ နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်၊ |
||||||||
|
|
( စ ) |
ဒုတိယသမ္မတတစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန် သောကြောင့်ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်း ကြောင့်ဖြစ်စေ ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယ သမ္မတကို ရွေးချယ်တင်မြှောက် ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနစ်ရက် အတွင်း ဒုတိယသမ္မတတစ်ဦး ရွေးချယ် တင်မြှောက်ပေးရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်၊ |
||||||||
|
|
(ဆ) |
ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေး အတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။ |
||||||||
|
၈၃။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် နိုင်ငံတော် သမ္မတက အကြောင်းကြားလျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေးကို ဖြစ်စေ၊ အရေးပေါ်အစည်း အဝေးကိုဖြစ်စေ အမြန်ဆုံး ခေါ်ယူကျင်းပရမည်။ |
||||||||||
|
၁ဝ၃။ |
(က) |
ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတ သို့မဟုတ် ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်သည် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်၊ |
||||||||
|
|
( ခ ) |
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသော– |
||||||||
|
|
|
(၁) |
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ အကြီးအမှူး များနှင့် အဖွဲ့ အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊ |
|||||||
|
|
|
(၂) |
ပြည်ထောင်စုက ပေးဆပ်ရန်တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွှယ်သော ကုန်ကျစရိတ်များ၊ ပြည်ထောင်စုက ချေးယူငွေများနှင့် ဆက်နွှယ်သော အခြား ကုန်ကျစရိတ်များ၊ |
|||||||
|
|
|
(၃) |
တရားရုံး သို့မဟုတ် ခုံရုံး တစ်ရုံးရုံး၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊ |
|||||||
|
|
|
(၄) |
တည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုခုအရ ဖြစ်စေကျခံရမည့် အခြားအသုံးစရိတ် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ။ |
|||||||
|
|
(ဂ) |
ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များမှအပ အခြားအသုံးစရိတ်များ အတွက်ကိုမူ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်၊ |
||||||||
|
|
(ဃ) |
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါအတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့ က လိုအပ်သလိုဆောင်ရွက်ရမည်၊ |
||||||||
|
|
(င) |
ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါလျာထားသောရငွေများနှင့် ခွင့်ပြုထားသော သုံးငွေများအပြင် နောက်ထပ်ရငွေများ လျာထားရန်နှင့် သုံးငွေများ ခွင့်ပြုရန် လိုအပ်သည့် အခါ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို အထက်ပါ နည်းလမ်းများအတိုင်းပြဋ္ဌာန်းဆောင်ရွက်ရမည်၊ |
||||||||
|
|
(စ) |
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေပါအတိုင်း ပြည်ထောင်စု အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရမည်။ |
||||||||
|
၁ဝ၅။ |
(က) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော သို့မဟုတ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်သော ဥပဒေကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရမည်၊ |
||||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ် ထားသည့် ကာလအတွင်း မိမိ၏သဘောထား မှတ်ချက်နှင့်အတူ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်သည်၊ |
||||||||
|
|
( ဂ ) |
နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရန်သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မိမိ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ခြင်း မပြုလျှင်သော် လည်းကောင်း၊ ဥပဒေကြမ်းကို လက်မှတ် ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း မပြုလျှင်သော် လည်းကောင်း၊ သတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ် ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။ |
||||||||
|
၁ဝ၆။ |
(က) |
နိုင်ငံတော်သမ္မတထံ ပေးပို့ထားသော ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မိမိ၏ သဘောထားမှတ်ချက်များနှင့် အတူ သတ်မှတ်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့လျှင် ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များကို ဆွေးနွေးသုံးသပ်ပြီးနောက် နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက် ကို လက်ခံ၍ဥပဒေကြမ်းကို ပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည် သို့မဟုတ် နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်ကို လက်မခံဘဲ ဥပဒေကြမ်း ကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်နိုင်သည်၊ |
||||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသော ဥပဒေကြမ်း သို့မဟုတ် နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်း အတည်ပြုသော ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် အခါ နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်း ပြန်လည် ရရှိသည့်နေ့၏ နောက်တစ်နေ့မှခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊ |
||||||||
|
|
( ဂ ) |
ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခြင်းမပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော် သမ္မတ၏ လက်မှတ် ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။ |
||||||||
|
၁၉၉။ |
(က) |
နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်၊ |
||||||||
|
၂ဝဝ။ နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် - |
||||||||||
|
|
(က) |
နိုင်ငံတော်သမ္မတ၊ |
||||||||
|
|
( ခ ) |
ဒုတိယသမ္မတများ၊ |
||||||||
|
|
( ဂ ) |
ပြည်ထောင်စုဝန်ကြီးများ၊ |
||||||||
|
|
(ဃ) |
ပြည်ထောင်စုရှေ့နေချုပ်။ |
||||||||
|
၂ဝ၁။ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် – |
||||||||||
|
|
(က) |
နိုင်ငံတော်သမ္မတ၊ |
||||||||
|
|
( ခ ) |
ဒုတိယသမ္မတ၊ |
||||||||
|
|
( ဂ ) |
ဒုတိယသမ္မတ၊ |
||||||||
|
|
(ဃ) |
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ |
||||||||
|
|
( င ) |
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ |
||||||||
|
|
( စ ) |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ |
||||||||
|
|
(ဆ) |
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ |
||||||||
|
|
( ဇ ) |
ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ |
||||||||
|
|
(ဈ) |
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ |
||||||||
|
|
(ည) |
ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ |
||||||||
|
|
( ဋ ) |
နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး။ |
||||||||
|
၂ဝ၂။ |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် – |
|||||||||
|
|
(က) |
ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ် နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း၊ ဖြည့်စွက် ခြင်း ပြုနိုင်သည်၊ |
||||||||
|
|
( ခ ) |
ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင်သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။ |
||||||||
|
၂ဝ၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတ မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အား လည်းကောင်း တာဝန်ခံရမည်။ |
||||||||||
|
၂ဝ၄။ |
နိုင်ငံတော်သမ္မတသည် - |
|||||||||
|
|
(က) |
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်၊ |
||||||||
|
|
( ခ ) |
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။ |
||||||||
|
၂ဝ၅။ |
နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ - |
|||||||||
|
|
(က) |
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း ပြုနိုင်သည်၊ |
||||||||
|
|
( ခ ) |
ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များကို ပြန်လည်ရုပ်သိမ်းခြင်း ပြုနိုင်သည်။ |
||||||||
|
၂ဝ၆။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြား တိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ် ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေမျိုး၌ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့်ညှိနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တစ်ခုခုနှင့် သံတမန် အဆက် အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။ |
||||||||||
|
၂ဝ၇။ |
နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ - |
|||||||||
|
|
(က) |
မိမိနိုင်ငံ၏သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်၊ |
||||||||
|
|
( ခ ) |
နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘောတူညီချက်ပေးခြင်း၊ နိုင်ငံခြားသံတမန်များအား ပြန်လည် ခေါ်ယူရန် အကြောင်း ကြားခြင်း ပြုနိုင်သည်၊ |
||||||||
|
|
( ဂ ) |
နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်းပြုသည်။ |
||||||||
|
၂ဝ၈။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။ |
||||||||||
|
၂ဝ၉။ နိုင်ငံတော်သမ္မတသည်ဥပဒေနှင့်အညီ – |
||||||||||
|
|
(က) |
ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုရမည်၊ |
||||||||
|
|
( ခ ) |
ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုနိုင်သည်။ |
||||||||
|
၂၁ဝ။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံး သို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်း ပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့် ရှိသည်။ |
||||||||||
|
၂၁၁။ နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကို ဖြစ်စေ ခေါ်ယူကျင်းပ ပေးရန် ပြည်ထောင်စု လွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။ |
||||||||||
|
၂၁၂။ |
(က) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား နိုင်ငံတော်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များမှအပ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်ခွင့်ရှိသည်၊ |
||||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က) အရ ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်း မရှိလျှင် ယင်းအမိန့် ထုတ်ပြန်သည့် နေ့ရက်မှ ရက်ပေါင်း ၆ဝ အတွင်း ကျင်းပသော အနီးကပ်ဆုံး ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ရက်ပေါင်း ၆ဝ အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပရန် မရှိလျှင် ပြည်ထောင်စု လွှတ်တော်အထူးအစည်းအဝေးကို ခေါ်ယူကျင်းပ စေ၍ အတည်ပြုချက် ရယူရမည်၊ |
||||||||
|
|
( ဂ ) |
ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်သည် အတည်မပြု သည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်၊ |
||||||||
|
|
(ဃ) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို လိုအပ်သော ကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်၊ |
||||||||
|
|
( င ) |
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၆ဝ အတွင်း ရုပ်သိမ်းပြီး ဖြစ်စေကာမူ ထိုဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အနီးကပ်ဆုံးကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်၊ |
||||||||
|
|
( စ ) |
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့် မရှိသော ပြဋ္ဌာန်းချက် ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။ |
||||||||
|
၂၁၃။ နိုင်ငံတော်သမ္မတသည် – |
||||||||||
|
|
(က) |
နိုင်ငံတော်အားကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့်ညှိနှိုင်းလျက် စစ်ရေးအရလိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊ |
||||||||
|
|
( ခ ) |
မိမိ၏ဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် ယင်းအစည်းအဝေး သို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ တင်ပြအတည်ပြုချက် ရယူရမည်၊ |
||||||||
|
|
( ဂ ) |
ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာ နိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။ |
||||||||
|
၂၁၄။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသော ဥပဒေများကို နိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန် ကြေညာရမည်။ |
||||||||||
|
၂၁၅။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း မိမိအား အပ်နှင်း ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့် တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော် သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။ |
||||||||||
|
၂၁၆။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။ |
||||||||||
|
၂၁၇။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင်ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများ အရ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အား ဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ် သည်ဟုလည်း မမှတ်ယူရ။ |
||||||||||
|
၂၁၈။ |
(က) |
ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက် အားလုံးကို နိုင်ငံတော်သမ္မတ၏အမည်ဖြင့် အရေးယူ ဆောင်ရွက်ရမည်၊ |
||||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတသည် မိမိ၏သဘောအတိုင်း ဆောင်ရွက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့် ကိစ္စရပ် များမှအပ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက်လည်းကောင်း၊ အဆိုပါ ကိစ္စရပ်များကို ပြည်ထောင်စု အစိုးရဝန်ကြီးများအား ခွဲဝေအပ်နှင်းရန် လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိသောပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်လည်းကောင်း လိုအပ်သည့် နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်၊ |
||||||||
|
|
( ဂ ) |
နိုင်ငံတော်သမ္မတ၏အမည်ဖြင့် ထုတ်ပြန်သော အမိန့်များနှင့် ချုပ်ဆိုသောစာချုပ်စာတမ်းများသည် နိုင်ငံတော် သမ္မတက ပြဋ္ဌာန်းသည့် နည်းဥပဒေများတွင် ဖော်ပြထားသော နည်းလမ်းများနှင့်အညီ ဖြစ်စေရမည်။ ထို့ပြင် ထိုသို့ ဆောင်ရွက်ထားသည့် အမိန့် သို့မဟုတ် စာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတ၏အမိန့် သို့မဟုတ် စာချုပ် စာတမ်း မဟုတ်သောကြောင့် မခိုင်လုံဟု ငြင်းဆို ပိုင်ခွင့် မရှိစေရ၊ |
||||||||
|
|
(ဃ) |
နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) ရှိ ပြဋ္ဌာန်းချက် များ၏ ယေဘုယျသဘောကိုမထိခိုက်စေဘဲ မိမိ၏ တာဝန် ဝတ္တရားများ ကို နယ်မြေဒေသအလိုက်ဖြစ်စေ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းအလိုက် ဖြစ်စေ ခွဲဝေအပ်နှင်းနိုင်သည်။ |
||||||||
|
၂၂၉။ |
(က) |
ဘဏ္ဍာရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် – |
||||||||
|
|
|
(၁) |
နိုင်ငံတော်သမ္မတ |
- |
ဥက္ကဋ္ဌ |
|||||
|
|
|
(၂) |
ဒုတိယသမ္မတများ |
- |
ဒုတိယဥက္ကဋ္ဌများ |
|||||
|
|
|
(၃) |
ပြည်ထောင်စုရှေ့နေချုပ် |
- |
အဖွဲ့ဝင် |
|||||
|
|
|
(၄) |
ပြည်ထောင်စုစာရင်းစစ်ချုပ် |
- |
အဖွဲ့ဝင် |
|||||
|
|
|
(၅) |
တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်များ |
- |
အဖွဲ့ဝင်များ |
|||||
|
|
|
(၆) |
နေပြည်တော်ကောင်စီဥက္ကဋ္ဌ |
- |
အဖွဲ့ဝင် |
|||||
|
|
|
(၇) |
ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး |
- |
အတွင်းရေးမှူး |
|||||
|
|
( ခ ) |
(၁) |
ဘဏ္ဍာရေးကော်မရှင်ကို ဖွဲ့စည်းသည့်အခါ အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရမည့်ရာထူးနေရာတွင် အကြောင်း တစ်စုံတစ်ရာကြောင့် တာဝန်ပေးအပ်ခြင်းခံရသူ မရှိသေးပါက နိုင်ငံတော်သမ္မတသည် ထိုနေရာအတွက် သင့်လျော်သည့် ပုဂ္ဂိုလ် တစ်ဦးဦးအား ယာယီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ် နိုင်သည်၊ |
|||||||
|
|
|
(၂) |
ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာရမည်။ ထို့ပြင် ဘဏ္ဍာရေးကော်မရှင်အတွက် လိုအပ်သောအမိန့်၊ ညွှန်ကြားချက်စသည်များကိုလည်း နိုင်ငံတော် သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန် ပေးအပ်သည့် ပုဂ္ဂိုလ်က ထုတ်ပြန် ကြေညာနိုင်သည်။ |
|||||||
|
၂၃၂။ |
(က) |
နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးနိုင်သည် - |
||||||||
|
|
|
(၁) |
အသက် ၄ဝ နှစ် ပြည့်ပြီးသူ၊ |
|||||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ် ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||||
|
|
|
(၄) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် - |
||||||||
|
|
|
(၁) |
လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊ |
|||||||
|
|
|
(၂) |
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊ |
|||||||
|
|
|
(၃) |
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအပြင် အခြား ဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးလိုလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ |
|||||||
|
|
( ဂ ) |
နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံမှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းတို့ကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်၊ |
||||||||
|
|
(ဃ) |
ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊ |
||||||||
|
|
( င ) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံ တင်သွင်းခွင့်ရှိသည်၊ |
||||||||
|
|
( စ ) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့်ပုဂ္ဂိုလ်များအား ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး တစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာန သို့မဟုတ်ဝန်ကြီးဌာနများကို သတ်မှတ် ပေးရမည်၊ |
||||||||
|
|
(ဆ) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့်အခါတိုင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်၊ |
||||||||
|
|
( ဇ ) |
ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊ |
||||||||
|
၂၃၃။ |
( ဂ ) |
ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုဝန်ကြီး ရာထူးတွင် ဆက်လက် တာဝန်ထမ်းဆောင်စေရန် မသင့်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ် တင်ပြလျှင် နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးအား တာဝန်မှ ရပ်စဲရမည်၊ |
||||||||
|
|
(ဃ) |
စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။ |
||||||||
|
၂၃၄။ |
(က) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအား အထောက်အကူ ပြုရန် လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူ များကို ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည် – |
||||||||
|
|
|
(၁) |
အသက် ၃၅ နှစ် ပြည့်ပြီးသူ၊ |
|||||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊ |
|||||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||||
|
|
|
(၄) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူ။ |
|||||||
|
|
(ခ) |
နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ တာဝန်များပေးအပ်ရန် ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊ |
||||||||
|
|
( ဂ ) |
နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများ အပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်၊ |
||||||||
|
|
(ဃ) |
နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများအား ခန့်အပ်တာဝန်ပေးရာတွင် တာဝန်ယူရမည့်ဝန်ကြီးဌာနများကို သတ်မှတ် ပေးရမည်၊ |
||||||||
|
|
( င ) |
ဒုတိယဝန်ကြီးများသည် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအား လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးမှ တစ်ဆင့် နိုင်ငံတော် သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊ |
||||||||
|
၂၃၅။ |
( ဂ ) |
နိုင်ငံတော်သမ္မတသည် – |
||||||||
|
|
|
(၁) |
ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ ဝန်ကြီး တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်၊ |
|||||||
|
|
|
(၂) |
ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက် ရမည်။ |
|||||||
|
|
(ဃ) |
ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြား အကြောင်းတစ်ခုခုကြောင့် ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီးအသစ် သို့မဟုတ် ဒုတိယဝန်ကြီး အသစ်အား ခန့်အပ် တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊ |
||||||||
|
၂၃၇။ |
(က) |
နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များ ရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များပေးအပ်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည် – |
||||||||
|
|
|
(၁) |
အသက် ၄၅ နှစ် ပြည့်ပြီးသူ၊ |
|||||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထား သည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||||
|
|
|
(၄) |
(ကက) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရား လွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူသို့မဟုတ် |
||||||
|
|
|
|
( ခ ခ ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သောတရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင်အနည်းဆုံး ၁ဝ နှစ် တာဝန်ထမ်းဆောင် ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
( ဂ ဂ ) |
တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂ဝ အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
(ဃဃ) |
ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။ |
||||||
|
|
|
(၅) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||||
|
|
( ခ ) |
ပြည်ထောင်စုရှေ့နေချုပ်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊ |
||||||||
|
|
( ဂ ) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံ တင်သွင်းခွင့်ရှိသည်၊ |
||||||||
|
|
( င ) |
ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊ |
||||||||
|
၂၃၉။ |
(က) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ်အား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦး အား မိမိသဘော ဆန္ဒ အလျောက် ဒုတိယရှေ့နေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည် – |
||||||||
|
|
|
(၁) |
အသက် ၄ဝ နှစ် ပြည့်ပြီးသူ၊ |
|||||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထား သည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||||
|
|
|
(၄) |
(ကက) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူသို့မဟုတ် |
||||||
|
|
|
|
( ခ ခ ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ၁ဝ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
( ဂ ဂ ) |
တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှု လိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
(ဃဃ) |
ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။ |
||||||
|
|
|
(၅) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||||
|
|
( ခ ) |
ဒုတိယရှေ့နေချုပ်သည် ပြည်ထောင်စုရှေ့နေချုပ်အားလည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်မှတစ်ဆင့် နိုင်ငံတော် သမ္မတ အား လည်းကောင်းတာဝန်ခံရမည်၊ |
||||||||
|
၂၄ဝ။ |
( ဂ ) |
နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်အား ရာထူးမှ နုတ်ထွက်ရန်ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင်တာဝန်မှရပ်စဲရမည်၊ |
||||||||
|
|
(ဃ) |
ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်စေ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ် ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယ ရှေ့နေချုပ် ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု ရှေ့နေချုပ်အသစ် သို့မဟုတ် ဒုတိယရှေ့နေချုပ် အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန် ပေးခြင်းခံရသည့် ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူး သက်တမ်း အတွက်သာ ဖြစ်စေရမည်၊ |
||||||||
|
၂၄၂။ |
(က) |
နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ် သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရမည် – |
||||||||
|
|
|
(၁) |
အသက် ၄၅ နှစ် ပြည့်ပြီးသူ၊ |
|||||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထား သည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||||
|
|
|
(၄) |
(ကက) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
( ခ ခ ) |
မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၂ဝ နှစ် ဆောင်ရွက် ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
( ဂ ဂ ) |
ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်းပညာရှင် သို့မဟုတ် စာရင်းအင်း ပညာရှင် သို့မဟုတ်စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ။ |
||||||
|
|
|
(၅) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||||
|
|
( ခ ) |
ပြည်ထောင်စုစာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြသနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊ |
||||||||
|
|
( ဂ ) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့် ရှိသည်၊ |
||||||||
|
|
(ဃ) |
ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန် ခံရမည်၊ |
||||||||
|
၂၄၄။ |
(က) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု စာရင်းစစ်ချုပ်အား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘောဆန္ဒ အလျောက် ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရမည် – |
||||||||
|
|
|
(၁) |
အသက် ၄ဝ နှစ် ပြည့်ပြီးသူ၊ |
|||||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင်ဖော်ပြထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက် ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||||
|
|
|
(၄) |
(ကက) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော စာရင်းစစ်အရာရှိ ရာထူး တွင် အနည်းဆုံး ၁ဝ နှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
( ခ ခ ) |
မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
( ဂ ဂ ) |
ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်းပညာရှင် သို့မဟုတ် စာရင်းအင်း ပညာရှင် သို့မဟုတ် စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ။ |
||||||
|
|
|
(၅) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||||
|
|
( ခ ) |
ဒုတိယစာရင်းစစ်ချုပ်သည် ပြည်ထောင်စု စာရင်းစစ်ချုပ်အား လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ တစ်ဆင့် နိုင်ငံတော် သမ္မတအား လည်းကောင်း တာဝန်ခံရမည်၊ |
||||||||
|
၂၄၅။ |
( ဂ ) |
နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယ စာရင်းစစ်ချုပ်အား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်၊ |
||||||||
|
၂၄၆။ |
(က) |
နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ရေးတာဝန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်း သတ်မှတ်ရေး တာဝန်များ ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်း ရမည်၊ |
||||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများအား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည် – |
||||||||
|
|
|
(၁) |
အသက် ၅ဝ နှစ် ပြည့်ပြီးသူ၊ |
|||||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံ ပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||||
|
|
|
(၄) |
အတွေ့အကြုံရင့်ကျက်သော အသိပညာရှင်၊ အတတ်ပညာရှင် ဖြစ်သူ၊ |
|||||||
|
|
|
(၅) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊ |
|||||||
|
|
|
(၆) |
နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ |
|||||||
|
|
|
(၇) |
လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ။ |
|||||||
|
|
(ဃ) |
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊အဖွဲ့ဝင်များသည် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌနှင့် ယင်းမှတစ်ဆင့်နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊ |
||||||||
|
၂၄၈။ |
( ဂ ) |
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့် – |
||||||||
|
|
|
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများကို လိုအပ်သလိုသတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ် ဝန်ကြီးဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်၊ |
|||||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ် ဦးရေကို တိုးခြင်း၊ လျှော့ခြင်းပြုနိုင်သည်။ |
|||||||
|
၂၆၁။ |
( ခ ) |
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် - |
||||||||
|
|
|
(၁) |
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲက သတ်မှတ် ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်၊ |
|||||||
|
|
|
(၂) |
ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက် ရယူရမည်။ |
|||||||
|
|
( ဂ ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည်၊ |
||||||||
|
|
(ဃ) |
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊ |
||||||||
|
|
( င ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏သဘောတူညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်း သစ်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံ တင်သွင်းခွင့် ရှိသည်။ |
||||||||
|
၂၆၂။ |
( စ ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြလာသည့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ ခန့်အပ် တာဝန် ပေးရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး တစ်ဦးချင်းအလိုက် တာဝန်ယူရမည့်ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာန များကို သက်ဆိုင်ရာ ဝန်ကြီးချုပ်နှင့် ညှိနှိုင်းလျက်သတ်မှတ်ပေးရမည်၊ |
||||||||
|
|
(ဆ) |
နိုင်ငံတော်သမ္မတသည် – |
||||||||
|
|
|
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌများအား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရေးရာများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်၊ |
|||||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် တိုင်းရင်းသား လူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရေးရာ များကို ဆောင်ရွက် ရန် တာဝန်ပေးအပ်ရမည်။ |
|||||||
|
|
( ဇ ) |
သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌအားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်အားလည်းကောင်းတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ထားသည့် အသက် ကန့်သတ်ချက်ကို လျော့ပေါ့ပေးရမည်၊ |
||||||||
|
|
(ဈ) |
နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်နှင့်ညှိနှိုင်း၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ ဝန်ကြီးများအား လည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအားလည်းကောင်း အခြား ဝန်ကြီးဌာန တာဝန်များ ကိုလည်း ပူးတွဲတာဝန် ပေးအပ်နိုင်သည်၊ |
||||||||
|
|
( ဋ ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ခန့်အပ်တာဝန် ပေးခြင်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော် သို့ လည်းကောင်း အကြောင်းကြားရမည်၊ |
||||||||
|
|
( ဌ ) |
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊ |
|||||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်။ |
|||||||
|
၂၆၃။ |
( င ) |
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ရေးအဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော် ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်း ဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံက စွပ်စွဲ ပြစ်တင်မှု သည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတထံ တင်ပြအစီရင်ခံရမည်၊ |
|||||||
|
|
|
(၂) |
နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်း ခံရသည့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအားရာထူးမှရပ်စဲရမည်၊ |
|||||||
|
|
|
(၃) |
စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာ လွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို လွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံ ရမည်။ |
|||||||
|
၂၆၄။ |
( ခ ) |
နိုင်ငံတော်သမ္မတသည် – |
||||||||
|
|
|
(၁) |
လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့် အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်၊ |
|||||||
|
|
|
(၂) |
ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့်ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။ |
|||||||
|
၂၆၆။ |
( ခ ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြ လာသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊ |
||||||||
|
|
( ဂ ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် က အမည်စာရင်းတင်သွင်းသည် |
||||||||
|
၂၇၁။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးငွေစာရင်းများကို စစ်ဆေး၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့ တင်ပြနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်အဖြစ် ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြသဘော တူညီချက် ရယူ၍ နိုင်ငံတော် သမ္မတထံ တင်ပြရမည် - |
||||||||
|
|
|
(၁) |
အသက် ၄ဝ နှစ် ပြည့်ပြီးသူ၊ |
|||||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထား သော အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||||
|
|
|
(၄) |
(ကက) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ် အရာရှိထက် မနိမ့်သောရာထူးတွင် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့် စာရင်းစစ်အရာရှိထက် မနိမ့်သော ရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် |
||||||
|
|
|
|
( ခ ခ ) |
မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ။ |
||||||
|
|
|
(၅) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်း စစ်ချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက် ဖြင့် တင်ပြ လာသည့် ပုဂ္ဂိုလ်အားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရမည်၊ |
||||||||
|
|
(ဂ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံ ကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊ |
||||||||
|
|
(ဃ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံ တင်သွင်းခွင့် ရှိသည်၊ |
||||||||
|
|
( င ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည် - |
||||||||
|
|
|
(၁) |
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊ |
|||||||
|
|
|
(၂) |
ပြည်ထောင်စုစာရင်းစစ်ချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် အား လည်းကောင်း တာဝန်ခံရမည်။ |
|||||||
|
၂၇၆။ |
( င ) |
ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည် မိမိတို့အချင်းချင်း ညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ အနက် သင့်လျော်သူ တစ်ဦးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်။ ထိုသို့ ရွေးချယ်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြရမည်၊ |
||||||||
|
|
( စ ) |
နိုင်ငံတော်သမ္မတသည် အမည်စာရင်းတင်သွင်းလာသည့် ပုဂ္ဂိုလ်အား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊ |
||||||||
|
၂၈၄။ |
( ခ ) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော် အတွင်းရှိ ခရိုင်နှင့်မြို့နယ်များကို လိုအပ်သလို ပြင်ဆင်သတ်မှတ် နိုင်သည်။ |
||||||||
|
၂၈၅။ |
( ခ ) |
နိုင်ငံတော်သမ္မတသည် - |
||||||||
|
|
|
(၁) |
နေပြည်တော်ကောင်စီတစ်ရပ်ကို ဖွဲ့စည်းထားရှိရမည်၊ |
|||||||
|
|
|
(၂) |
ပုဒ်မခွဲ (က) တွင် ဖော်ပြသတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များအဖြစ် ခန့်အပ်တာဝန်ပေး ရမည်၊ |
|||||||
|
|
|
(၃) |
ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ပေးနိုင်ရေး အတွက် ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များအဖြစ် တာဝန်ပေးအပ် နိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသည့် သင့်လျော်သော တပ်မတော်သား သို့မဟုတ် တပ်မတော်သားများ၏အမည်စာရင်းကို ရယူရမည်၊ |
|||||||
|
|
|
(၄) |
နေပြည်တော်ကောင်စီတွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေကို ဥပဒေနှင့်အညီ လိုအပ်သလို သတ်မှတ်နိုင်သည်။ |
|||||||
|
|
( ဂ ) |
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ ကောင်စီဝင်များသည် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်၊ |
||||||||
|
၂၈၆။ |
(က) |
(၃) |
နိုင်ငံတော်သမ္မတသည် - |
|||||||
|
|
|
|
(ကက) |
ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင် နိုင်သော နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင် တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့် အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်၊ |
||||||
|
|
|
|
( ခ ခ ) |
ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား နေပြည်တော် ကောင်စီဝင် နှင့် ပတ်သက်လျှင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။ |
||||||
|
|
|
(၄) |
ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်း ကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့် ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်ရာထူးနေရာ လစ်လပ်ပါက နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နေပြည်တော် ကောင်စီဥက္ကဋ္ဌအသစ် သို့မဟုတ် ကောင်စီဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အသစ် သို့မဟုတ် ကောင်စီဝင်အသစ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်။ |
|||||||
|
|
( ခ ) |
နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့်ကောင်စီဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်း သတ်မှတ် ရမည်။ |
||||||||
|
၂၉၉။ |
( ဂ ) |
(၁) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသဘောတူညီချက် ရယူရမည်၊ |
|||||||
|
|
|
(၂) |
ပုဒ်မ ၃ဝ၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၏အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ် အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းသူကို ငြင်းပယ်ခွင့်မရှိစေရ၊ |
|||||||
|
|
|
(၃) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊ |
|||||||
|
|
|
(၄) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် ခန့်အပ်ရမည်။ |
|||||||
|
|
(ဃ) |
(၁) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းကာ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသဘောတူညီချက် ရယူရမည်၊ |
|||||||
|
|
|
(၂) |
ပုဒ်မ ၃ဝ၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၏အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်း သူများကို ငြင်းပယ်ခွင့်မရှိစေရ၊ |
|||||||
|
|
|
(၃) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ် တာဝန် ပေးရန် ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံ တင်သွင်းခွင့် ရှိသည်၊ |
|||||||
|
|
|
(၄) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်ရမည်။ |
|||||||
|
၃ဝ၂။ |
(က) |
နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအား အောက်ပါအကြောင်း တစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် - |
||||||||
|
|
|
(၁) |
နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊ |
|||||||
|
|
|
(၂) |
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ |
|||||||
|
|
|
(၃) |
အကျင့်သိက္ခာပျက်ပြားခြင်း၊ |
|||||||
|
|
|
(၄) |
ပုဒ်မ ၃ဝ၁ တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း ပျက်ယွင်းခြင်း၊ |
|||||||
|
|
|
(၅) |
ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ |
|||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက- |
||||||||
|
|
|
(၁) |
မိမိ၏စွပ်စွဲချက်ကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြ ရမည်၊ |
|||||||
|
|
|
(၂) |
ပြည်ထောင်စုလွှတ်တော် နာယကသည် စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးစေရမည်၊ |
|||||||
|
|
|
(၃) |
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရေတူညီစွာ ပါဝင်စေပြီး ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူတစ်ဦးဦးကို စုံစမ်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊ |
|||||||
|
|
|
(၄) |
စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှု ပြီးစီးရမည့် အချိန်ကာလ ကိုလည်း သတ်မှတ် ပေးရမည်၊ |
|||||||
|
|
|
(၅) |
နိုင်ငံတော်သမ္မတသည် မိမိ၏စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် စေလွှတ်၍ သော်လည်းကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြနိုင်သည်။ သက်ဆိုင်ရာအထောက်အထား များနှင့် သက်သေများကိုလည်း တင်ပြနိုင်ခွင့်ရှိသည်၊ |
|||||||
|
|
|
(၆) |
စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသူအား ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် သော်လည်းကောင်း ချေပခွင့်ပေးရမည်၊ |
|||||||
|
|
|
(၇) |
စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကို တင်ပြလာသည့် အခါ ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်၊ |
|||||||
|
|
|
(၈) |
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှု သည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စု လွှတ်တော် နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတ ထံ တင်ပြအစီရင်ခံရမည်၊ |
|||||||
|
|
|
(၉) |
ယင်းသို့ တင်ပြအစီရင်ခံသည့်အခါ နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးကို ရာထူးမှရပ်စဲရမည်၊ |
|||||||
|
|
|
(၁၀) |
စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ ဆုံးဖြတ်ကြောင်းကို ပြည်ထောင်စု လွှတ်တော်နာယကသည် နိုင်ငံတော်သမ္မတထံ တင်ပြ အစီရင်ခံရမည်။ |
|||||||
|
၃ဝ၈။ |
( ခ ) |
(၁) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရန် အမည်စာရင်းကိုပြုစု၍ ယင်းအမည် စာရင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန် အမည် စာရင်းကို ပြုစု၍ ယင်းအမည်စာရင်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့ရမည်၊ |
|||||||
|
|
|
(၂) |
ပုဒ်မ ၃၁ဝ တွင် သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်အဖြစ် ခန့်အပ်ရန်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန်လည်းကောင်း အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရ၊ |
|||||||
|
|
|
(၃) |
ပုဒ်မခွဲငယ် (၂) အရ ငြင်းပယ်ခြင်းခံရသော ပုဂ္ဂိုလ်များအစား အမည်စာရင်းသစ်ကို သတ်မှတ်ထားသည့် အတိုင်း ထပ်မံ တင်သွင်းခွင့် ရှိသည်၊ |
|||||||
|
|
|
(၄) |
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က သဘောတူညီသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအဖြစ် လည်းကောင်းခန့်အပ်ရမည်။ |
|||||||
|
၃၁၁။ |
( ခ ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးတစ်ဦးဦးကို လည်းကောင်း စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက မိမိ၏ စွပ်စွဲချက်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ရမည်၊ |
||||||||
|
|
( င ) |
(၁) |
နိုင်ငံတော်သမ္မတ သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က စွပ်စွဲပြစ်တင်လျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သက်ဆိုင်ရာတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူ တစ်ဦးဦးကို စုံစမ်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊ |
|||||||
|
|
|
(၂) |
နိုင်ငံတော်သမ္မတ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သည် မိမိ၏စွပ်စွဲချက် နှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် စေလွှတ်၍ သော်လည်းကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်း တင်ပြနိုင် သည်။ သက်ဆိုင်ရာ အထောက်အထားများနှင့် သက်သေများကိုလည်း တင်ပြနိုင်ခွင့်ရှိသည်။ |
|||||||
|
|
( ဇ ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏သုံးပုံနှစ်ပုံက စွပ်စွဲ ပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် အတွက်ဖြစ်လျှင် နိုင်ငံတော် သမ္မတထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအတွက်ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လည်းကောင်း ထိုဆုံးဖြတ်ချက်ကို တင်ပြရမည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဖော်ပြပါတင်ပြချက်ကို ရရှိသည့်အခါ နိုင်ငံတော် သမ္မတထံ ဆက်လက်တင်ပြရမည်၊ |
||||||||
|
|
(ဈ) |
ယင်းသို့တင်ပြချက်များရရှိသည့်အခါ နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးကို ရာထူးမှရပ်စဲရမည်၊ |
||||||||
|
၃၂၁။ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ် ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက်ရယူရမည်။ |
||||||||||
|
၃၂၅။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထား ရယူရန်ကိစ္စများကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည် |
||||||||||
|
|
(က) |
နိုင်ငံတော်သမ္မတ၊ |
||||||||
|
|
(ခ) |
ပြည်ထောင်စုလွှတ်တော်နာယက၊ |
||||||||
|
|
( ဂ ) |
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ |
||||||||
|
|
(ဃ) |
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ |
||||||||
|
|
( င ) |
ပြည်ထောင်စုတရားသူကြီးချုပ်၊ |
||||||||
|
|
( စ ) |
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ။ |
||||||||
|
၃၂၇။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ |
||||||||||
|
၃၂၈။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက စုစည်းအမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ။ |
||||||||||
|
၃၂၉။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် မရရှိသည့်အဖွဲ့ဝင် နေရာအတွက် အမည်စာရင်းသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။ |
||||||||||
|
၃၃၂။ အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ရာထူးနေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အသစ်အား ခန့်အပ် တာဝန်ပေး နိုင်သည်။ |
||||||||||
|
၃၃၃။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့သည် လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများအနက်မှ အဖွဲ့ဝင် သုံးဦးစီကို ရွေးချယ်ရမည် - |
||||||||||
|
|
(က) |
အသက် ၅ဝ နှစ် ပြည့်ပြီးသူ၊ |
||||||||
|
|
( ခ ) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
||||||||
|
|
(ဂ) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
||||||||
|
|
(ဃ) |
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် |
|||||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁ဝနှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် |
|||||||
|
|
|
(၃) |
တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂ဝ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ် |
|||||||
|
|
|
(၄) |
ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ်နိုင်ငံတော်သမ္မတက ယူဆသူ။ |
|||||||
|
|
( င ) |
နိုင်ငံရေးပါတီဝင်မဟုတ်သူ၊ |
||||||||
|
|
( စ ) |
လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊ |
||||||||
|
|
(ဆ) |
နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးအမြင်ရှိသူ၊ |
||||||||
|
|
( ဇ ) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
||||||||
|
၃၄၂။နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမည်။ |
||||||||||
|
၃၉၈။ |
(က) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တစ်ရပ်ကိုဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီး ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် အနည်းဆုံးငါးဦးကို ခန့်အပ်တာဝန် ပေးနိုင်သည်၊ |
||||||||
|
၄ဝဝ။ |
(က) |
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါ အကြောင်း တစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် – |
||||||||
|
|
|
(၁) |
နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ |
|||||||
|
|
|
(၂) |
ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ |
|||||||
|
|
|
(၃) |
အကျင့်သိက္ခာ ပျက်ပြားခြင်း၊ |
|||||||
|
|
|
(၄) |
ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သက်ဆိုင်ရာပုဂ္ဂိုလ်အတွက် သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းခြင်း၊ |
|||||||
|
|
|
(၅) |
ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ |
|||||||
|
|
( ခ ) |
ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးကို စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။ |
||||||||
|
၄ဝ၁။ |
( ခ ) |
ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်နေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြည်ထောင်စုဝန်ကြီး ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအသစ် သို့မဟုတ် အဖွဲ့ဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်၊ |
||||||||
|
၄၁၁။ ပုဒ်မ ၄၁ဝ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော် သမ္မတသည် - |
||||||||||
|
|
(က) |
သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေးအာဏာကို ရယူသုံးစွဲခွင့် ရှိသည်။ ထို့ပြင် ယင်းအုပ်ချုပ်ရေးအာဏာကို သင့်လျော်သည့် အဖွဲ့အစည်း တစ်ရပ်ရပ် ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဖြစ်စေ အပ်နှင်းဆောင်ရွက်စေ နိုင်သည်၊ |
||||||||
|
|
(ခ) |
ယင်းသို့ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများက ဥပဒေပြုပိုင်ခွင့်ရှိသော ကိစ္စရပ်များအနက် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေပြုခွင့် အာဏာကိုသာ ကျင့်သုံးခွင့် ရှိသည်။ သို့ရာတွင် ဥပဒေပြုခွင့်အာဏာကိုမူ မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်ကိုမျှ အပ်နှင်းဆောင်ရွက် စေခြင်းမပြုရ။ |
||||||||
|
၄၁၂။ |
(က) |
တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ တစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင်သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်းသိရှိလျှင် သော်လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော် လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေ ကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်၊ |
||||||||
|
|
(ခ) |
ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီစွာ တက်ရောက် နိုင်ခြင်းမရှိပါကအဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီထုတ်ပြန် ကြေညာနိုင်သည်။ ယင်းသို့ ထုတ်ပြန် ကြေညာချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူရမည်။ |
||||||||
|
၄၁၃။ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာသည့် ကိစ္စရပ်တွင် - |
||||||||||
|
|
(က) |
အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလအခြေအနေသို့ အမြန် ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့်အညီ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် နိုင်သည်၊ |
||||||||
|
|
( ခ ) |
နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။ |
||||||||
|
၄၁၄။ နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာသည့်အခါ - |
||||||||||
|
|
(က) |
ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ် ဖော်ပြရမည်၊ |
||||||||
|
|
(ခ) |
လိုအပ်ပါက အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်းနေထိုင်ကြသော နိုင်ငံသား များ၏ မူလ အခွင့်အရေး တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်။ |
||||||||
|
၄၁၅။ နိုင်ငံတော်သမ္မတသည် အရေးပေါ်အခြေအနေကြေညာ၍ ပုဒ်မ ၄၁ဝ နှင့် ၄၁၁ အရ အရေးယူဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပုဒ်မ ၄၁၂ နှင့် ၄၁၃ အရ အရေးယူ ဆောင်ရွက်ချက်များကို လည်းကောင်း ပုဒ်မ ၂၁၂ ( ခ ) ၊ ( ဂ ) နှင့် ( င ) တို့နှင့်အညီ ဆောင်ရွက်ရမည်။ |
||||||||||
|
၄၁၇။ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်း အားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန်လုံလောက်သောအကြောင်းတွေ့ရှိလျှင် နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ် အခြေအနေ အကျိုးသက်ရောက် သည့်နယ်မြေသည် နိုင်ငံတစ်ဝန်းလုံး ဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့် နေ့မှ တစ်နှစ် အထိ ဖြစ်ကြောင်းဖော်ပြရမည်။ |
||||||||||
|
၄၁၈။ |
(က) |
ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန် ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ များကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ |
||||||||
|
|
( ခ ) |
ထိုသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့်နေ့ရက်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ မှအပ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန် ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှရပ်စဲပြီး ဖြစ်သည်ဟုမှတ်ယူရမည်။ |
||||||||
|
၄၂၁။ နိုင်ငံတော်သမ္မတသည် - |
||||||||||
|
|
(က) |
ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာ လွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စကို ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန်ဖြစ်လျှင် ယင်းအစည်းအဝေး သို့ဖြစ်စေ၊ ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ဖြစ်စေ အစီရင်ခံ တင်ပြရမည်၊ |
||||||||
|
|
(ခ) |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ကိုပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင် သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြလျက် တင်ပြလာပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်သည်။ ယင်းသို့တိုးမြှင့်ပေးသည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူစေ၍ အစီရင်ခံ တင်ပြရမည်။ |
||||||||
|
၄၂၂။ နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက် ပြီးစီးကြောင်း တင်ပြလာသည့်အခါ ပြည်ထောင်စုလွှတ်တော် သက်တမ်းမကုန်ဆုံးသေးပါက ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူစေ၍ အစီရင်ခံတင်ပြပြီးသည့်နေ့မှစ၍ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးပြီး ဖြစ်ပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ တင်ပြချက်လက်ခံရရှိသည့် နေ့မှစ၍ဖြစ်စေ ပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာလွှဲအပ် ဆောင်ရွက်စေခဲ့သည့် အမိန့်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ပယ်ဖျက်ကြောင်း ကြေညာရမည်။ |
||||||||||
|
၄၂၃။ နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄၂၂ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အစီရင်ခံစာကို ရရှိသည့်အခါ ပြည်ထောင်စု လွှတ်တော် သက်တမ်း မကုန်ဆုံးသေးပါက လွှတ်တော် အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများအား ယာယီ ရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်ရမည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းအသစ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ ယင်းအဖွဲ့အစည်းများသည် ကျန်ရှိသော လွှတ်တော်သက်တမ်း အတွက်သာ တာဝန် ထမ်းဆောင်ရမည်။ |
||||||||||
|
၄၂၄။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည်လည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့သည် လည်းကောင်း ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတအသစ်နှင့် ဒုတိယ သမ္မတ အသစ်တို့ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအသစ်တို့ကို လည်းကောင်း ရွေးချယ် တင်မြှောက် ပြီးသည်အထိ ဆက်လက် တည်ရှိသည်။ |
||||||||||
|
၄၂၅။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအားပေးအပ် ထားသည့်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့် ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန် အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။ |
||||||||||
|
၄၂၆။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်သမ္မတက ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့်အစီရင်ခံစာကို လက်ခံရရှိသည့်အခါ ပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်။ |
||||||||||
|
၄၃၁။အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာတွင် နိုင်ငံတော်သမ္မတ အမည်ဖြင့် ဖော်ပြ ဆောင်ရွက်ရမည်။
|
||||||||||



