You are here

ဒုတိယသမ္မတ (၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ဒုတိယသမ္မတ

Printer-friendly versionSend by email

 

၂၃ဝ။

(က)

ပြည်ထောင်စုဝန်ကြီးဌာနများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း များကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်၍ ပြည်ထောင်စုဝန်ကြီးဌာနများ အပါအဝင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၏ အရအသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေး ကော်မရှင်သို့ တင်ပြရမည်၊

 

( ခ )

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်းများကို နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်သော ကျန်ဒုတိယသမ္မတတစ်ဦးက ဦးဆောင် စိစစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံး ငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်၊

 

www.president-office.gov.mm
This is the official website of Myanmar President Office