ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား(၂၃)ဦးအား ပြစ်ဒဏ်မှလျှော့ပေါ့၍ လွတ်ငြိမ်း သက်သာခွင့်ပြု
ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား(၂၃)ဦးအား ပြစ်ဒဏ်မှလျှော့ပေါ့၍ လွတ်ငြိမ်း သက်သာခွင့်ပြု
ရခိုင်ပြည်နယ် အမ်းမြို့၌ ရောက်ရှိနေသည့် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် ၈ နာရီတွင် အမ်းမြို့ တပ်နယ် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ဒုတိယသမ္မတက နိုင်ငံတော်အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများတွင် လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်းစာနာ ထောက်ထားမှု အပြည့်ဖြင့် စောင့်ရှောက်နေခြင်း ဖြစ်ပါကြောင်း၊ စိုးရိမ်ကြောက်ရွံ့စိတ်များ မထားဘဲ ယုံကြည်စိတ်ချစွာ အစီအမံများအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုပါကြောင်း၊ အရေးကြီးဆုံး အချက်မှာ မုန်တိုင်းဒဏ်ကြောင့် လူ့အသက်များ ဖိတ်စဉ်ဆုံးရှုံးမှု မရှိစေရန်ပင် ဖြစ်ပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် သြစတြေးလျနိုင်ငံ၊ အနောက်ပိုင်း Perth မြို့ရှိ Curtin University မှ ပါမောက္ခ Andris Stelbovic ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၄၇/၂ဝ၁၃
အမိန့်ကြော်ငြာစာ
အမှတ်၊ ၄၆/၂ဝ၁၃
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၄၅/၂ဝ၁၃
သဘာဝဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သည့် အန္တရာယ်ဖြစ်သော်လည်း ထိခိုက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်မှုများဖြင့် ရင်ဆိုင်ကျော်လွှားရမည် ဖြစ်ကြောင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့နံနက်ပိုင်းက ကျင်းပသည့် ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်သည့် ကြိုတင်ညှိနှိုင်း အစည်းအဝေး တွင် ပြောကြားခဲ့သည်။
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဝင်များ လိုက်ပါလျက် ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာ လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြောင်းရွှေ့ နေရာချထားမှုများ ကြည့်ရှုစစ်ဆေးရန် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက စစ်တွေလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြပြီး လေဆိပ် ဧည့်ခန်းမဆောင်၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ICT လုပ်ငန်း လုပ်ကိုင်ရာတွင် လိုအပ်သော လိုင်စင်၊ ထောက်ခံချက်များနှင့် ပတ်သက်ပြီး ဌာန၏ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးခြင်း