You are here

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ် များမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့် တို့သည် ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၆၅) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက် ချီးမြှင့်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချမ်းငြိမ်း၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ပြင်ဦးလွင်မြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် အတွင်းရှိ သဖန်းဆိပ်ရေလှောင်တမံသို့ ရောက်ရှိကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ဦးခင်ဇော် တို့နှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာ ခဲ့ကြပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီး H. E. Mr. Han Changfu ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ (၂) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် မောရစ်သျှနိုင်ငံတော်ဘဏ် (အက်စ်ဘီအမ်) လီမိတက်၏ ဥက္ကဋ္ဌ Mr. Muni Krishna T. Reddy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

(၃၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-I) ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အမှာစကားပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် (၃၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်မည့် အာဆီယံနိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအား ယနေ့ နံနက် (၉) နာရီ မိနစ် (၂၀) တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ပုလဲခန်းမ၌ လက်ခံတွေ့ဆုံသည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေးဝန်ကြီး H.E. Mr. NISHIKAWA Koya  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

Pages

www.president-office.gov.mm
This is the official website of Myanmar President Office