You are here

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေ(၁၈)ရက် ဒေသစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၅ဝ)တွင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်၊ မေရီလန်းပြည်နယ်နှင့် ဝါရှင်တန်မြို့တို့တွင် ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စုသို့ အလုပ်သဘော ခရီး သွားရောက်ရန်အတွက် မေ(၁၇)ရက်ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ရာ မေ(၁၈)ရက် နံနက်ပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေးနှင့် ဗန်ကောက်မြို့၌ ကျင်းပမည့် (၁၀)ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ ညနေ(၃)နာရီတွင် မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ ချင်းမိုင်မြို့သို့ ထွက်ခွာသွားသည်။

(၆၅) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် စတင်ကျင်းပရာ ဆရာတော် သံဃာတော် အရှင် သူမြတ်များနှင့် ပရိသတ်တို့က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည့် ကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန်အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးရုံးက မေ ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အလုပ်သဘော ခရီးသွားရောက်ရန် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာသွားသည်။

ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား(၂၃)ဦးအား ပြစ်ဒဏ်မှလျှော့ပေါ့၍ လွတ်ငြိမ်း သက်သာခွင့်ပြု

 

ရခိုင်ပြည်နယ် အမ်းမြို့၌ ရောက်ရှိနေသည့် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် ၈ နာရီတွင် အမ်းမြို့ တပ်နယ် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ဒုတိယသမ္မတက နိုင်ငံတော်အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများတွင် လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်းစာနာ ထောက်ထားမှု အပြည့်ဖြင့် စောင့်ရှောက်နေခြင်း ဖြစ်ပါကြောင်း၊ စိုးရိမ်ကြောက်ရွံ့စိတ်များ မထားဘဲ ယုံကြည်စိတ်ချစွာ အစီအမံများအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုပါကြောင်း၊ အရေးကြီးဆုံး အချက်မှာ မုန်တိုင်းဒဏ်ကြောင့် လူ့အသက်များ ဖိတ်စဉ်ဆုံးရှုံးမှု မရှိစေရန်ပင် ဖြစ်ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် သြစတြေးလျနိုင်ငံ၊ အနောက်ပိုင်း Perth မြို့ရှိ Curtin University မှ ပါမောက္ခ Andris Stelbovic ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages

www.president-office.gov.mm
This is the official website of Myanmar President Office