ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၂-၅-၂ဝ၁၃)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနား သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် နိုင်ငံ့စွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း ခံရသူများကလည်း မိမိတို့နယ်ပယ်ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုတွင် စံနမူနာပြ ဦးဆောင်ကြရန်၊ မိမိတို့လုပ်ဖော်ကိုင်ဖက်များ တိုးပွားလာအောင်၊ စုပေါင်းလုပ် ဆောင််တတ်သည့်အလေ့အကျင့်များ ပွားများအောင် ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြပါစို့ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျ ဥပဒေပြုအထက်လွှတ်တော် ဥက္ကဋ္ဌ ဆီနိတ်တာ Hon. John Joseph Hogg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်ပြီး အရှေ့တီမော ဝန်ကြီးချုပ် H.E. Mr. Hanana Gusmao၊ ကုလမသဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Mr. Jan Eliasson နှင့် ESCAP အမှုဆောင်အတွင်းရေးမှူး Dr. Noeleen Heyzer တို့အား ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ထိုင်းနိုင်ငံရှိ ESCAP အဆောက်အအုံ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်စီးပွားရေး နှင့် လူမှုရေးကော်မရှင် အစည်းအဝေးသို့တက်ရောက်ရန် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၃၀ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပမည်ဖြစ်ရာ မြန်မာ့ရုပ်မြင်သံကြားမှ အဆိုပါ အခမ်းအနား ကျင်းပပုံများကို တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ထုတ်ပြန် လိုက်ကြောင်း သိရှိရသည်။ အဆိုပါ အစီရင်ခံစာပါ အကျဉ်းချုပ် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
၂ဝ၁၃ ခုနှစ် ဧပြီ ၂၇ ရက်တွင် ကျရောက်သော တောင်အာဖရိက သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တောင်အာဖရိကသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျေးကော့ဘ် ကဲလေယိ လှဲကိဆာ ဇူးမားထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။



