သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား သြစတြီးယားနိုင်ငံ သမ္မတ H.E. Dr. Heinz Fischer က မတ်(၄) ရက် နံနက်(၁၁)နာရီတွင် ဗီယင်နာမြို့ရှိ သမ္မတနန်းတော်၌ ဂုဏ်ပြုကြိုဆိုသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ်(၃)ရက် နံနက်ပိုင်းတွင် ဖင်လန်သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် (၁ဝ) နာရီ (၅) မိနစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး Sergey K. SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် မတ်လ (၁) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ဖင်လန်သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့ရှိ သမ္မတအိမ်တော်တွင် ဖင်လန်သမ္မတနိုင်ငံ သမ္မတမစ္စတာ Sauli Niinisto နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မတ် (၂) ရက် ဒေသ စံတော်ချိန် နံနက် (၁၀)နာရီခွဲတွင် ဖင်လန်သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့ရှိ Vuosaari ဆိပ်ကမ်းကို သွားရောက် ကြည့်ရှု လေ့လာသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းများအသင်းနှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက်တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ - ၂၀၁၃ သို့ တက်ရောက် အားပေး ချီးမြှင့်သည်၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့သည် မတ်(၁)ရက် နံနက်ပိုင်းတွင် နော်ဝေနိုင်ငံ အော်စလိုမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက်(၁၀) နာရီ (၅၅) မိနစ်တွင် ဖင်လန်သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၈)ရက် နံနက်(၁ဝ)နာရီတွင် နော်ဝေနိုင်ငံ အော်စလိုမြို့၏ မြောက်ဘက် အက်စ်ကင်မ် (Askim) မြို့နယ်ရှိ Solbergfoss ရေအားလျှပ်စစ် စက်ရုံများကို သွားရောက် ကြည့်ရှု လေ့လာသည်။
ပညာရေးဝန်ကြီးဌာန တိုင်းရင်းသားဘာသာစကား သင်ကြားရေးညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကားပြောကြားသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး H.E. Mr. Liu Huiyan ဦးဆောင်သော ယူနန်ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



