အကျဉ်းသား၊ အကျဉ်းသူ ၉၃ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ်တွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရခြင်းအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာလီခချန်းထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ်တွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံး ခဲ့ရခြင်းအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Ricardo CatebCury အားယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (မဟာသင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့် ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင် ပွဲတော်၌ ပါဝင်ဆင်နွှဲကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (အတာသင်္ကြန် အကျနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့် ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင် ပွဲတော်၌ ပါဝင်ဆင်နွှဲကြသည်။
ယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာဒေသ အနှံ့အပြားမှာ မိမိတို့ မြန်မာနိုင်ငံသားအားလုံး အသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။ ယခုလို အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ ပြုပြင်မွမ်းမံပြီးစီး သော ရှေးဟောင်းစေတီတော်များ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်များ၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို၍ ရွှေထီးတော် တင်လှူပူဇော်သည်။



