You are here

နောက်ဆုံးရသတင်းများ

သတ္တသတ္ထာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက် ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၇) နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ တက်ရောက် ကြည်ညို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ အလုပ်သဘော ခရီးစဉ် သွားရောက်ပြီး နောက် မေ(၂၁)ရက် ဒေသစံတော်ချိန်မွန်းလွဲ (၁) နာရီ (၃၅) မိနစ်တွင် အဖွဲ့ဝင်များနှင့်အတူ ဝါရှင်တန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ (၂၁) ရက် ဒေသစံတော်ချိန် နံနက် (၈) နာရီခွဲတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ  လွှတ်တော်အဆောက်အအုံ (Capitol Hill ) ၌  အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Ms. Nancy Pelosi ဦးဆောင်သော အောက်လွှတ်တော် ခေါင်းဆောင် များနှင့် တွေ့ဆုံသည်။

အမေရိကန်ပြည်ထောင်စု၌ ပထမဆုံး တရားဝင်အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အထက်လွှတ်တော် အမတ်များဖြစ်သည့် ဟယ်ရီရိ၊ မစ္စတာ မစ်ချ်မက် ကော်နဲလ်၊ ဘန်ကာဒင်၊ ကယ်လီအာယက်နှင့် ဂျွန်မက်ကိန်း တို့နှင့် မေလ ၂၁ ရက်က အမေရိကန် ကွန်ဂရက်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် မေ (၂၂) ရက် နံနက်ပိုင်းတွင် ကုလသမဂ္ဂအဖွဲ့ရုံး၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက်ကြည်ညို သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဆွစ်ဇာလန်နိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဖိလစ်ပိုလွန်ဘာဒီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ (၂ဝ) ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီ (၁၅) မိနစ်တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ဂျွန်ဟော့ကင်း(John Hopkins) တက္ကသိုလ်သို့ သွားရောက်၍ မိန့်ခွန်း ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ (၂ဝ) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ သမ္မတ အိမ်ဖြူတော်သို့ သွားရောက်၍ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဘာရတ်အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးသည် ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ (၂ဝ) ရက် ဒေသစံတော်ချိန် ညနေ (၅) နာရီ မိနစ် (၂ဝ) တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (US Chamber of Commerce) ရုံး၌ ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US- ASEAN Business Council) နှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်းကျင်းပသည့် စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ(၂ဝ)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ခေတ္တတည်းခိုသည့်  Four Seasons Hotel ၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စဟီလာရီကလင်တန် အား လက်ခံတွေ့ဆုံသည်။

Pages

www.president-office.gov.mm
This is the official website of Myanmar President Office