You are here

နောက်ဆုံးရသတင်းများ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်းပါလီမန်ဥက္ကဋ္ဌနှင့်အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Somsak Kiatsuranont ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် မဟာဗျူဟာ နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Hyun Oh-Seok ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးပြုလုပ်နေချိန်တွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုသည် မဖြစ်မနေလိုအပ်သည့် အချိန်အခါဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်၏ အခြေခံသည် ကျန်းမာရေးနှင့် ပညာရေးပင်ဖြစ်ပါကြောင်း၊  သို့ဖြစ်၍ နွားနို့လှူဒါန်းခြင်းသည် ကျန်းမာရေးနှင့် ပညာရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့လှူဒါန်းခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေးနှင့် အာဆီယံ အသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း  တက်ရောက်အမှာစကား  ပြောကြားသည်။

ဒုတိယသမ္မတ ဦးဆောင်သော အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ထိုင်းလေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

 

 

ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဘက်စုံ ဒေသဖွံ့ဖြိုးရေးအပေါ် ကြီးမားစွာ ပံ့ပိုးကူညီနိုင်ရန်အတွက် ထိရောက်သည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးနှင့် စီမံကိန်းမှ အကျိုးဖြစ်ထွန်းလာချိန်တွင် ယင်းအကျိုးစီးပွား အသီးအပွင့် များကို ထားဝယ်ဒေသခံ ပြည်သူများ ခံစားနိုင်ရေးသည်လည်း မိမိတို့၏ တာဝန်ပင် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ ရည်မှန်း ချက်ကို မျှဝေပြီး မိမိတို့အတူတကွ ပူးပေါင်း ဆောင်ရွက် သွားရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

 

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည်ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E Mr. Kittirat Na-Ronong အား ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဗန်ကောက်မြို့ရှိ ခေတ္တတည်းခိုသည့် Grand Hyatt Erawan ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန  ( MICC ) Banquet Hall  ၌ ကျင်းပသည့် အခြေခံပညာကျောင်းများ တွင် နို့တိုက်ကျွေးရေးစီမံကိန်း ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး သည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E.Mr. Niwattumrong Boonsongpaisan၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ခေတ္တတည်းခိုသည့် Grand Hyatt Erawan  ဟိုတယ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ နံနက် ၁၀ နာရီခွဲတွင် Rayong ပြည်နယ်ရှိ Map Ta Phut စက်မှုဇုန် အုပ်ချုပ်ရေးမှူးရုံးသို့ ကြရောက်ရှိကြသည်။

ပြည့်သူဝန်ဆောင်မှု လုပ်ငန်းများစွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့တင်ပြလာသည့် အကြံပြုစာများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အရေးယူဆောင်ရွက်ချက်များကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်း (၇)

Pages

www.president-office.gov.mm
This is the official website of Myanmar President Office