You are here

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

 

နေပြည်တော် သြဂုတ် ၂၁ 

     

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးလ်နိုင်ငံသံအမတ်ကြီး H.E.Mr. Jose Carlos da Fonseca Junior ဦးဆောင်၍ ဘရာဇီးလ်နိုင်ငံ၏ ကုမ္ပဏီကြီးတစ်ခုဖြစ်သော Andrade Gutierrez Conglomerate မှ အာရှဒေသဆိုင်ရာလုပ်ငန်း တာဝန်ခံများ ပါဝင်သည့်အဖွဲ့အား ယနေ့ညနေ (၃)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် အလားအလာများကို ရင်းနှီး ခင်မင်စွာ ဆွေးနွေးကြသည်။

 

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

Share/Save
www.president-office.gov.mm
This is the official website of Myanmar President Office