You are here

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Mr. Wu Bangguo တို့ နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Mr. Wu Bangguo တို့ နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ချီးမြှင့်

Printer-friendly versionSend by email

 

နေပြည်တော် စက်တင်ဘာ ၁၄ 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ Mr. Wu Bangguo တို့သည် ယနေ့မွန်းလွဲ(၁၂) နာရီ(၁၅)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်၌ ကျင်းပသည့် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်ကြသည်။

 

လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေးနှင့်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၌ အထောက်အပံ့ပေးမည့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ၊ ကလေးသူငယ်များ အတွက် အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေး အကူအညီပေးရေး ဆိုင်ရာစာချွန်လွှာ၊ ဆေးပညာဆိုင်ရာ အထောက်အကူပြုပစ္စည်းများ အကူအညီ ပေးရေးဆိုင်ရာ စာချွန်လွှာ၊ ပညာရေးကဏ္ဍအတွက် အထောက်အကူပြု ပစ္စည်းများ အကူအညီပေးရေးဆိုင်ရာ စီမံကိန်းအတွက် စာချွန်လွှာ၊ စိုက်ပျိုးရေး သရုပ်ပြ စင်တာ ထူထောင်ရေး စီမံကိန်းတွင် အကူအညီပေးရေးဆိုင်ရာ ဖြစ်နိုင်ခြေများ လေ့လာရေးစာချွန်လွှာ၊ ဆောက်လုပ်ရေးဆိုင်ရာ အထောက်အကူ ပြုပစ္စည်းများ အကူအညီပေးရေးဆိုင်ရာ စီမံချက်အား လွှဲပြောင်းပေးအပ်မည့် အသိအမှတ်ပြု စာချွန်လွှာ၊ အသေးစားဆန်စက်များ ဆောက်လုပ်ရေးဆိုင်ရာ စီမံကိန်းအား လွှဲပြောင်းမည့် အသိအမှတ်ပြု စာချွန်လွှာ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CRI အသံလွှင့်ဌာနတို့အကြား မြန်မာစကားပြော တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ထုတ်လွှင့်မှုနှင့် ပတ်သက်သည့် သဘောတူညီချက်၊ သူဌေးရေအားလျှပ်စစ် စီမံကိန်းအတွက် ချေးငွေဆိုင်ရာ သဘောတူညီချက်နှင့် ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် ချေးငွေသဘော တူညီချက်တို့ကို မြန်မာနိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးနေအေးတို့ကလည်းကောင်း၊ တရုတ်နိုင်ငံဘက်မှ စီးပွားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လီကျွင်းဇောင်၊ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာ၊ CRI အသံလွှင့်ဌာန ဥက္ကဋ္ဌ မစ္စတာ ဝန်ကန်းနယန်နှင့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျူဟုန်ကျယ်တို့က လည်းကောင်း အသီးသီး လက်မှတ်ရေးထိုးကြပြီး စာချုပ်များ အပြန်အလှန် လဲလှယ်ကြသည်။  

 

 

Share/Save
www.president-office.gov.mm
This is the official website of Myanmar President Office