You are here

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုရီးယားစက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုရီးယားစက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

 

နေပြည်တော် စက်တင်ဘာ ၁၉

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ကိုရီးယား သမ္မတနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ Mr. Chang Soo HUH ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်အတူ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြားစက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ် များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

 

 

Share/Save
www.president-office.gov.mm
This is the official website of Myanmar President Office