You are here

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (မဟာသင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပသည့် ၁၃၇၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ဆက်လက် ပါဝင်ဆင်နွှဲကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (မဟာသင်္ကြန်အကျနေ့) နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည့် ၁၃၇၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ပါဝင် ဆင်နွှဲကြသည်။

မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်၌ စည်းကား ပျော်ရွှင်စွာ ရေသဘင်ပွဲ ဆင်နွှဲလျက်ရှိရာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်တို့ တက်ရောက်ချီးမြှင့် အားပေးသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး နေပြည်တော် အတာသင်္ကြန်ရေသဘင်ပွဲတွင် ပါဝင်ဆင်နွှဲ

နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ တက်ရောက်သည့် တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဟန်ဂေရီနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော ဒေါက်တာ ပီတာ ဂျာကပ်သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟာဆန် ဘင်မိုဟာမက် ရာဖီ အယ်လ်အီမာဒီ သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

မွန်ပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေး

ပူးတွဲတာဝန်ပေးခြင်းအား ပယ်ဖျက်

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသား မြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်သည်။

Pages

www.president-office.gov.mm
This is the official website of Myanmar President Office