You are here

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ (၂ဝ) ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီ (၁၅) မိနစ်တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ဂျွန်ဟော့ကင်း(John Hopkins) တက္ကသိုလ်သို့ သွားရောက်၍ မိန့်ခွန်း ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ (၂ဝ) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ သမ္မတ အိမ်ဖြူတော်သို့ သွားရောက်၍ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဘာရတ်အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးသည် ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ(၂ဝ)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ခေတ္တတည်းခိုသည့်  Four Seasons Hotel ၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စဟီလာရီကလင်တန် အား လက်ခံတွေ့ဆုံသည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များနှင့်အတူ မေ(၂၁)ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့ရုံး၌ ကျင်းပသည့် (၁ဝ) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ကြည်ညိုသည်။

နိုင်ငံတော်သမ္မတသည် သမ္မတဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်နှင့် ဥယျာဉ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ မှုတို့ကို လှည့်လည်ကြည့်ရှုပြီး ဂျော့ရှ် ဝါရှင်တန်၏ ဂူဗိမာန်တွင် ပန်းခွေချဂါရဝပြုသည်။

နိုင်ငံတော်သမ္မတသည် ဝါရှင်တန်မြို့ရှိ ဂျက်ဖာဆင်ဟိုတယ်(Jefferson Hotel) ၌ Think-Tank အဖွဲ့အစည်းဖြစ်သည့် Center for Strategy and International Study (CSIS) အဖွဲ့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။  

 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် မေ ၂၀ ရက် နံနက် ၉ နာရီတွင် ချင်းမိုင်းမြို့ရှိ  International Convention & Exhibition Centre ၌ ဒုတိယ အကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ရေထိပ်သီးအစည်းအဝေးသို့ တက်ရောက် လာသော နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေ(၁၈)ရက် ဒေသစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၅ဝ)တွင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်၊ မေရီလန်းပြည်နယ်နှင့် ဝါရှင်တန်မြို့တို့တွင် ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စုသို့ အလုပ်သဘော ခရီး သွားရောက်ရန်အတွက် မေ(၁၇)ရက်ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ရာ မေ(၁၈)ရက် နံနက်ပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Chung Hong-won အား မေ ၁၉ ရက် ညနေ ၃ နာရီတွင် ချင်းမိုင်မြို့ရှိ ခေတ္တတည်းခိုသည့် Imperial Hotel ၌ လက်ခံ တွေ့ဆုံသည်။

Pages

www.president-office.gov.mm
This is the official website of Myanmar President Office