ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
|
တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ |
||||||||
|
၂၄၇။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်ရမည်၊ |
||||||
|
|
(ခ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အစိုးရအဖွဲ့ဝင်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဟု ခေါ်ဝေါ်ရမည်။ |
||||||
|
တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း |
||||||||
|
၂၄၈။ |
(က) |
တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်တွင် ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းထားရှိသည်၊ |
||||||
|
|
(ခ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် - |
||||||
|
|
|
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ |
|||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ၊ |
|||||
|
|
|
(၃) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်။ |
|||||
|
|
(ဂ) |
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ၏သဘောတူညီချက်ဖြင့် – |
||||||
|
|
|
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဝန်ကြီးဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်၊ |
|||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။ |
|||||
|
တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှု အခွင့်အာဏာ |
||||||||
|
၂၄၉။ |
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သောကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်။ ထို့ပြင်ပြည်ထောင်စု ဥပဒေတစ်ရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့်ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။ |
|||||||
|
၂၅ဝ။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်။ |
|||||||
|
၂၅၁။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် သော်လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရမည်။ |
|||||||
|
၂၅၂။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအပေါ် အခြေပြုလျက်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်။ |
|||||||
|
၂၅၃။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတင်သွင်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း ကို ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းခြင်း မပြုနိုင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ သာမန် အသုံးစရိတ် ခွင့်ပြုချက် ဘောင်အတွင်း သုံးစွဲခွင့် ရှိသည်။ |
|||||||
|
တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများက ကောက်ခံရမည့် အခွန်အခများ |
||||||||
|
၂၅၄။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား ၅ ပါ အခွန်အခ များကိုဥပဒေနှင့်အညီကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်၊ |
||||||
|
|
(ခ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့် ရှိသည်။ |
||||||
|
၂၅၅။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဇယား ၂ ရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်း နိုင်သည်။ |
|||||||
|
၂၅၆။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် - |
|||||||
|
|
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ယင်းတို့၏ လက်အောက် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန် လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဖြစ်စေရန် လည်းကောင်း စီမံခန့်ခွဲခြင်း၊လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်၊ |
||||||
|
|
(ခ) |
မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှု များကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ် ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။ |
||||||
|
၂၅၇။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီ လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် - |
|||||||
|
|
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်း များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်၊ |
||||||
|
|
(ခ) |
လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။ |
||||||
|
၂၅၈။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် - |
|||||||
|
|
(က) |
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏အရေးယူ ဆောင်ရွက်ချက် များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်၊ |
||||||
|
|
(ခ) |
မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြရမည်။ |
||||||
|
၂၅၉။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။ |
|||||||
|
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံး |
||||||||
|
၂၆ဝ။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။ |
|||||||
|
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း |
||||||||
|
၂၆၁။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည် – |
||||||
|
|
|
(၁) |
အသက် ၃၅ နှစ် ပြည့်ပြီးသူ၊ |
|||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||
|
|
|
(၄) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||
|
|
(ခ) |
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် - |
||||||
|
|
|
(၁) |
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်၊ |
|||||
|
|
|
(၂) |
ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက်ရယူရမည်။ |
|||||
|
|
(ဂ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် လွှတ်တော် ကိုယ်စားလှယ် အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည်၊ |
||||||
|
|
(ဃ) |
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊ |
||||||
|
|
(င) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော် သို့ ထပ်မံ တင်သွင်းခွင့် ရှိသည်။ |
||||||
|
တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း |
||||||||
|
၂၆၂။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် – |
||||||
|
|
|
(၁) |
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ် သူများထဲက ဖြစ်စေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊ |
|||||
|
|
|
(၂) |
လုံခြုံရေးနှင့်နယ်စပ်ရေးရာ တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သား များ၏အမည်စာရင်းကို တောင်းခံရမည်၊ |
|||||
|
|
|
(၃) |
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ထံမှ ယင်းတို့၏ ဥက္ကဋ္ဌအမည် စာရင်းကို ရယူရမည်၊ |
|||||
|
|
|
(၄) |
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးရေးရာ ဆောင်ရွက်ရန်အတွက် ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံမှ ရယူရမည်။ |
|||||
|
|
(ခ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းကိုစုစည်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်၊ |
||||||
|
|
(ဂ) |
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးများအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ် များအား တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊ |
||||||
|
|
(ဃ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့်ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ထပ်မံတင်သွင်းခွင့်ရှိသည်၊ |
||||||
|
|
(င) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် ပုဂ္ဂိုလ်များကို သော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ များ၏ အမည်စာရင်းနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် များ၏ အမည်စာရင်းပါ ပုဂ္ဂိုလ်များကိုသော်လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးရန် နိုင်ငံတော်သမ္မတထံတင်ပြရမည်၊ |
||||||
|
|
(စ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်က တင်ပြလာသည့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ခန့်အပ် တာဝန်ပေးရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး တစ်ဦးချင်း အလိုက်တာဝန်ယူရမည့်ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သက်ဆိုင်ရာ ဝန်ကြီးချုပ်နှင့် ညှိနှိုင်းလျက် သတ်မှတ်ပေးရမည်၊ |
||||||
|
|
(ဆ) |
နိုင်ငံတော်သမ္မတသည် – |
||||||
|
|
|
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများအား သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရေးရာများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်၊ |
|||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ဖြစ်သည့် တိုင်းရင်းသား လူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာတိုင်းရင်းသား လူမျိုးရေးရာများကို ဆောင်ရွက်ရန် တာဝန် ပေးအပ်ရမည်။ |
|||||
|
|
(ဇ) |
သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်အား လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရာတွင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့်အသက်ကန့်သတ်ချက်ကို လျော့ပေါ့ပေးရမည်၊ |
||||||
|
|
(ဈ) |
နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်နှင့်ညှိနှိုင်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ ဝန်ကြီး များအား လည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအားလည်းကောင်း အခြားဝန်ကြီးဌာန တာဝန်များကိုလည်း ပူးတွဲ တာဝန်ပေးအပ်နိုင်သည်၊ |
||||||
|
|
(ည) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်များမှအပ အခြားတာဝန်များအတွက် တပ်မတော်သားများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ အမည်စာရင်း တောင်းခံ၍ ယင်းအမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရယူလျက် နိုင်ငံတော် သမ္မတထံ တင်ပြရမည်၊ |
||||||
|
|
(ဋ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ လည်းကောင်း အကြောင်းကြားရမည်၊ |
||||||
|
|
(ဌ) |
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည်၊ |
|||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော် သမ္မတ အားလည်းကောင်း တာဝန်ခံရမည်။ |
|||||
|
|
(ဍ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်သည်၊ |
||||||
|
|
(ဎ) |
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်း အဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ |
|||||
|
|
|
(၂) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန် မလို။ |
|||||
|
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲ ပြစ်တင်ခြင်း |
||||||||
|
၂၆၃။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် စွပ်စွဲ ပြစ်တင်နိုင်သည် – |
||||||
|
|
|
(၁) |
နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ |
|||||
|
|
|
(၂) |
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ |
|||||
|
|
|
(၃) |
အကျင့်သိက္ခာ ပျက်ပြားခြင်း၊ |
|||||
|
|
|
(၄) |
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး၏ အရည်အချင်း ပျက်ယွင်းခြင်း၊ |
|||||
|
|
|
(၅) |
ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ |
|||||
|
|
(ခ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး တစ်ဦးဦးအပေါ် ဖော်ပြပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲ ပြစ်တင် လိုပါက သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊ |
||||||
|
|
(ဂ) |
သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးစေရမည်။ စုံစမ်းစစ်ဆေးရမည့် လုပ်ငန်း ပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှု ပြီးစီးရမည့်ကာလကိုလည်း သတ်မှတ်ပေးရမည်၊ |
||||||
|
|
(ဃ) |
စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊ |
||||||
|
|
(င) |
(၁) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး တစ်ဦးဦးအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးတွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံး သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်၊ |
|||||
|
|
|
(၂) |
နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှရပ်စဲရမည်၊ |
|||||
|
|
|
(၃) |
စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာ လွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ ဆုံးဖြတ်ကြောင်းကို လွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။ |
|||||
|
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦး နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာ ဖြည့်စွက် ခန့်ထားခြင်း |
||||||||
|
၂၆၄။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ်ဝန်ကြီးတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်း တစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်၊ |
||||||
|
|
(ခ) |
နိုင်ငံတော်သမ္မတသည် – |
||||||
|
|
|
(၁) |
လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်၊ |
|||||
|
|
|
(၂) |
ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး နှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။ |
|||||
|
|
(ဂ) |
ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူး နေရာ လစ်လပ်လျှင် နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများ ခန့်အပ်တာဝန် ပေးခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက် ခန့်ထား နိုင်သည်။ ထိုသို့ ဖြည့်စွက် ခန့်ထားခြင်းခံရသည့် ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်း အတွက်သာ ဖြစ်စေရမည်၊ |
||||||
|
|
(ဃ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်း သတ်မှတ် ရမည်။ |
||||||
|
တိုင်းဒေသကြီး ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ် |
||||||||
|
၂၆၅။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ရှေ့နေချုပ်ကို တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ဟု ခေါ်ဝေါ်ရမည်။ |
|||||||
|
တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ် ခန့်အပ်တာဝန်ပေးခြင်း |
||||||||
|
၂၆၆။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဥပဒေအကြံဉာဏ်များ ရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာတာဝန်များ ပေးနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲက ဖြစ်စေအောက်ဖော်ပြပါ အရည်အချင်း များနှင့်ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြသဘောတူညီချက်ရယူ၍ နိုင်ငံတော်သမ္မတထံ တင်ပြရမည် - |
||||||
|
|
|
(၁) |
အသက် ၄ဝ နှစ် ပြည့်ပြီးသူ၊ |
|||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံ ပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||
|
|
|
(၄) |
(ကက) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင်အနည်းဆုံး ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ်ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁ဝ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ သို့မဟုတ် |
||||
|
|
|
|
( ခ ခ ) |
တရားလွှတ်တော်ရှေ့နေဖြစ်လျှင် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ။ |
||||
|
|
|
(၅) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||
|
|
(ခ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ် အဖြစ် ခန့်အပ်တာဝန် ပေးရမည်၊ |
||||||
|
|
(ဂ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသည်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊ |
||||||
|
|
(ဃ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်၏သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ထပ်မံတင်သွင်းခွင့်ရှိသည်၊ |
||||||
|
|
(င) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဖြစ်သည်၊ |
||||||
|
|
(စ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် - |
||||||
|
|
|
(၁) |
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊ |
|||||
|
|
|
(၂) |
ပြည်ထောင်စုရှေ့နေချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်းတာဝန်ခံရမည်။ |
|||||
|
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား စွပ်စွဲပြစ်တင်ခြင်း |
||||||||
|
၂၆၇။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား စွပ်စွဲပြစ်တင်ရန်ကိစ္စ ပေါ်ပေါက်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး တစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၃ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။ |
|||||||
|
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းနှင့် လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း |
||||||||
|
၂၆၈။ |
ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့်ပုဒ်မ ၂၆၂ (ဎ)နှင့် ၂၆၄ ပါ ပြဋ္ဌာန်းချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်နှင့်လည်း သက်ဆိုင်စေရမည်။ |
|||||||
|
၂၆၉။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။ |
|||||||
|
တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် |
||||||||
|
၂၇ဝ။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏စာရင်းစစ်ချုပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် ဟုခေါ်ဝေါ်ရမည်။ |
|||||||
|
တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း |
||||||||
|
၂၇၁။ |
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးငွေစာရင်းများကို စစ်ဆေး၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေအောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်အဖြစ် ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြ သဘောတူညီချက် ရယူ၍ နိုင်ငံတော်သမ္မတထံ တင်ပြရမည် - |
||||||
|
|
|
(၁) |
အသက် ၄ဝ နှစ် ပြည့်ပြီးသူ၊ |
|||||
|
|
|
(၂) |
အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂ဝ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ |
|||||
|
|
|
(၃) |
ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ |
|||||
|
|
|
(၄) |
(ကက) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်အရာရှိထက် မနိမ့်သောရာထူးတွင် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်စာရင်းစစ် အရာရှိထက် မနိမ့်သော ရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် |
||||
|
|
|
|
( ခ ခ ) |
မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရ ပြည်သူ့စာရင်းကိုင် အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက် ခဲ့သူ။ |
||||
|
|
|
(၅) |
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။ |
|||||
|
|
(ခ) |
နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ် အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ်အားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊ |
||||||
|
|
(ဂ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က အမည် စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊ |
||||||
|
|
(ဃ) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ထပ်မံတင်သွင်းခွင့်ရှိသည်၊ |
||||||
|
|
(င) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည် - |
||||||
|
|
|
(၁) |
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊ |
|||||
|
|
|
(၂) |
ပြည်ထောင်စု စာရင်းစစ်ချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း တာဝန်ခံရမည်။ |
|||||
|
တိုင်းဒေသကြီး စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ခြင်း |
||||||||
|
၂၇၂။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ရန် ကိစ္စ ပေါ်ပေါက်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၃ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်။ |
|||||||
|
တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက် ခန့်ထားခြင်း |
||||||||
|
၂၇၃။ |
ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့်စပ်လျဉ်း၍တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့်ပုဒ်မ ၂၆၄ ပါ ပြဋ္ဌာန်းချက် များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်နှင့်လည်း သက်ဆိုင် စေရမည်။ |
|||||||
|
၂၇၄။ |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။ |
|||||||



