rakhinet@pomail.gov.mm
ပို့လိုက်သော အီးမေးလ်ကို လက်ခံရရှိပါသည်။ အကြံပြုစာ၊ တိုင်ကြားစာ၊ အသနားခံစာနှင့် ပစ်စာတို့ကို အကြောင်းအရာ အချက်အလက်များ ပြည့်စုံ ခိုင်မာစွာဖြင့် ပေးပို့စေလိုပါသည်။ ဖြစ်နိုင်ပါက တိုင်ကြားသူ၏ လက်မှတ်ပါ ပူးတွဲပေးပို့ စေလိုပါသည်။ အကြောင်းအရာ အချက်အလက်များ ပြည့်စုံ ခိုင်မာသောစာများကို အချိန်နှင့်တပြေးညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပေးပို့သော အကြောင်းအရာ၊ ဖြစ်စဉ်များ မှန်ကန်မှုရှိ/ မရှိ စိစစ်ရသည့်အတွက် အမှန်တကယ် နစ်နာဆုံးရှုံးမှုများ၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုး ဖြစ်ထွန်းစေမည့် အကြံပြုချက်များ စသည့်တို့ကို ပေးပို့ရာတွင် တိကျမှန်ကန်မှုရှိမှသာ ထိရောက်အောင်မြင်မည် ဖြစ်ပြီး အမျိုးသားလုံခြုံရေး၊ လူ၀င်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး စသည်ဖြင့် အမျိုးသားအကျိုးစီးပွားနှင့် သက်ဆိုင်ပြီး ပြည်ထောင်စုအဆင့်ကသာ ဖြေရှင်းပေးနိုင်မည့် ကိစ္စရပ်များကိုသာ ပေးပို့တင်ပြခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူးများအကျိုးစီးပွားအတွက် ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
ယခုလို တင်ပြသည့်အတွက် ကျေးဇူး အထူးပင်တင်ရှိပါသည်။
ပြည်သူများ၏ ယုံကြည်အားကိုးမှုသည် နိုင်ငံတော်သမ္မတကြီး အတွက် ခိုင်မာသော တွန်းအားများ ဖြစ်ပါသည်။
လေးစားစွာဖြင့်
သတင်းထုတ်ပြန်ရေးဌာန
နိုင်ငံတော်သမ္မတရုံး
- Log in to post comments


