နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ပါကစ္စတန် အစ္စလာမ္မစ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အီသီယိုးပီးယား ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာပေးအပ်

Printer-friendly versionSend by email

နေပြည်တော် သြဂုတ် ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘော တူညီပြီး ဖြစ်သည့် သံအမတ်ကြီး ဒေါက်တာ ခါလစ် ဟူစိန် မန်မွန် သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၄င်း၏ သံအမတ်ခန့်အပ်လွှာ ကိုပေးအပ်သည်။

အလားတူ နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုး ပီးယား ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး မစ္စတာ အက်စ်စဖော ဒင်ဂမို ကာမီ သည် ညနေ ၃ နာရီ ၅ မိနစ်တွင် ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားများသို့ သမ္မတရုံးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက် ကြသည်။