ဒုတိယသမ္မတ ဦးမြင့်ဆွေ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၀

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ() လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးတင်မြင့်၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယသမ္မတ ဦးဆောင်၍ (၁၂)ဦးဖြင့် လုပ်ငန်းတာဝန် (၁၁)ရပ်ချမှတ်ကာ ဖွဲဲ႕စည်းခဲ့ပါကြောင်း။

လုပ်ငန်းတာဝန်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လုပ်ငန်းကော်မတီနည်းပညာအထောက်အကူပြုကော်မတီနှင့်စောင့်ကြည့် ကြီးကြပ်ခြင်း နှင့် အကဲဖြတ်ဆန်းစစ်ခြင်းကော်မတီတို့ကို ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သည့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းသွားနိုင်ရေး ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပါကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန် ၁၅ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် အစည်း အဝေးကို ၂၀၁၉ ခုနှစ်၊ မတ် ရက်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း (၂၄)ချက်တွင် ဆောင်ရွက်ပြီး ()ချက်နှင့် ဆောင်ရွက်ဆဲ (၁၅)ချက် ရှိသည်ကို တွေ့ရပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် ပြည်သူလူထုအတွက် အကျိုးရှိသည့်လုပ်ငန်းများဖြစ်သည့်အတွက် ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း အချိန်ကာလသတ်မှတ်ကာ အမြန်ပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နှင့်မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်မှုကဏ္ဍစီမံကိန်း ကာလလတ် (၂၀၁၈-၂၀၂၃)”တို့ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က စတင်ခဲ့သည့်လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် အထူးသဖြင့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာငွေကြေးအထောက်အပံ့ ပေးရေးအစီအစဉ်များသည်အကျိုးခံစားခွင့်ရှိသူအရေအတွက်နှင့်အကောင်အထည် ဖော်သည့် နေရာဒေသနှစ်ခုစလုံး မြန်မြန်ဆန်ဆန်ကြီးမားကျယ်ပြန့်လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင်အထောက်အပံ့ပြု ရသည့်ငွေကြေးပမာဏသည်လည်း များပြားလာသည်ကို တွေ့ရပြီး လာမည့်နှစ်အနည်းငယ်အတွင်းတွင်လည်း ယခုထက် ကြီးမားကျယ်ပြန့်လာမည် ဖြစ်ပါကြောင်း။

ထို့ကြောင့်လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် စီမံခန့်ခွဲမှုအပိုင်းစောင့်ကြည့် ကြီးကြပ်ခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းအပိုင်းနှင့်တိုင်ကြားမှုများအား လက်ခံဖြေရှင်း ဆောင်ရွက်ခြင်းအပိုင်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာကို အသုံးပြုထားသည့် စနစ်တစ်ရပ် ထူထောင်အသုံးပြုသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်ရေရှည်ရန်ပုံငွေရရှိရေးသည် အရေးကြီးသည့်အချက် ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးသည့် အစီအစဉ်များ၏ ရန်ပုံငွေအရင်းအမြစ်များကိုကြည့်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစပြီး အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် သက်ကြီးရွယ်အိုများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကြေးအထောက်အပံ့ပေးသည့်လူမှုရေးပင်စင် အစီအစဉ် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် အကောင်အထည်ဖော်နေသည့်ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်()နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (Maternal and Child Cash Transfer Program - MCCT)” နှင့်လူမှုအားမာန် (Integrated Self-help Group - ISHG)” အစီအစဉ် တို့ကို နိုင်ငံတော်၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ပါကြောင်း။

ချင်းပြည်နယ်တွင် အကောင်အထည်ဖော်သည့် MCCT အစီအစဉ်သည် ကနဦး ()နှစ် နှင့် ()လအတွက်အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (Livelihood and Food Security Trust Fund - LIFT)” ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လက်ရှိဘဏ္ဍာရေးနှစ်ကစပြီးရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အကောင်အထည်ဖော်မည့် MCCT အစီအစဉ်သည်နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသည့်ချေးငွေတို့ ပေါင်းစပ်ထားသည့် Co-financing နည်းလမ်းဖြင့် အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထောက်ပံ့ငွေများ၊ ချေးငွေများဖြင့် ပေါင်းစပ်အကောင်အထည်ဖော်ခြင်းသည် နည်းလမ်း တစ်ခုဖြစ်သော်လည်း ရေရှည်တွင် နိုင်ငံတော်ရန်ပုံငွေဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘတ်ဂျက် ရရှိမှုပမာဏသည် နည်းပါးသဖြင့် နှစ်စဉ်တိုးချဲ့သွားမည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရန် ရန်ပုံငွေအခက်အခဲရှိနိုင်သည့်အတွက် ဘတ်ဂျက် လျာထားချက်တွင် ထည့်သွင်းစဉ်းစားစီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အကြား လိုအပ်သည်များ ကြိုတင်ညှိနှိုင်းဆောင်ရွက် ထားကြရန် ပြောကြားလိုပါကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် သာမာန်အားဖြင့်ကြည့်ပါက ငွေကြေး အကုန်အကျများသည်ဟု ထင်ရသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏လူမှုစီးပွားထိခိုက် လွယ်မှုအခြေအနေများကို လျှော့ချပေးရန်လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်နှင့်အခြေခံဝင်ငွေအထောက်အပံ့ဖြစ်စေရန်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများကို နိုင်ငံတကာတွင်လည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်နေကြပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ရေရှည်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် ယခုဘဏ္ဍာရေးနှစ်ကစပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် ငွေကြေးအထောက်အပံ့ပေးသည့် အစီအစဉ်များကို နည်းပညာအသုံးပြုပြီး ဆောင်ရွက် သွားမည်ဟု သိရှိရသည့်အတွက် အဆိုပါနည်းပညာအသုံးပြုပြီး ငွေကြေးထောက်ပံ့သည့်အခါတွင် စာရင်းအစစ်ဆေးခံနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ အဓိကမဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့်မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan - MSDP)” တွင် ပါဝင်သည့် မဟာဗျူဟာမြောက် လုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ပြီး ပြည်သူလူထုထံကို တိုက်ရိုက် အကျိုးဖြစ်စေသော လုပ်ငန်းဖြစ်သည့်အတွက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရန်ပုံငွေရရှိရေး ကိစ္စများတွင်ဝန်ကြီးဌာနများအချင်းချင်းအကြားဝန်ကြီးဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်းများအကြားထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် ယနေ့အစည်းအဝေးကို တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ() လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ’’ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးကကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ’’ နှင့်ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်()နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ ပေးရေး အစီအစဉ် (Maternal and Child Cash Transfer Program - MCCT)” တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီးလူမှုဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက်အလက် နည်းပညာ (Social Management Information System - SMIS)” စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်း (Monitoring and Evaluation)” နှင့်အီလက်ထရောနစ်စနစ်ဖြင့် ငွေကြေးထောက်ပံ့ခြင်း (Electronic Cash Transfer- ECT)” တို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးဝင်းမော်ထွန်း၊ ဦးတင်မြင့်နှင့် ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်များဖြစ်ကြသည့် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါ်နိုင်သက်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါ်ရင်ရင်အုန်းနှင့် ဒေါ်သိင်္ဂီဦးတို့က ဝန်ကြီးဌာနများအလိုက် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက် ()ချက် ချမှတ်ကာ အတည်ပြုချက် ရယူသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။