ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

ရန်ကုန် ဖေဖော်ဝါရီ

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသား ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ ဒေသစံတော်ချိန် နံနက် နာရီ မိနစ် ၅၀ တွင် မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုသည့် Lotte Hotel Seoul မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ UPF အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr. Ek Nath Dhakal သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် နံနက် နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။