နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်များနှင့် ၂၀၂၀ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

Printer-friendly versionSend by email

နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်များနှင့် ၂၀၂၀ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

နေပြည်တော် မတ်

နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်များနှင့် ၂၀၂၀ ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် ခံယူမည့် ဆရာတော်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကိုယနေ့နံနက် နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိသာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဒုတိယသမ္မတဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီးနန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီးဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားမစတင်မီနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သာသနာ့မဟာဗိမာန်တော်အတွင်း ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကိုကပ်လှူပူဇော်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသဇ္စျာယ်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုနိုင်ငံတော် ဩဝါဒါစရိယဘဒ္ဒန္တကဝိသာရတို့ထံလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် မြင်းခြံမြို့ ချောင်းဒေါင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကေလာသတို့ထံလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဒုတိယသမ္မတဦးမြင့်ဆွေက ညောင်လေးပင်မြို့ ပန်းငွေရုံတောရ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသုမနနှင့် မွန်ပြည်နယ် မြို့လယ်ကျောင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဇောတိပါလတို့ထံလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီးနန့်ကြင်ကြည်ကရန်ကုန်မြို့ ကျောက်ကုန်းတောရ မေဒိနီစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒဓဇနှင့် မကွေးမြို့ သံဃာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစိန္တာသာရတို့ထံလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးကမန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသနှင့် ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသတို့ ထံလည်းကောင်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဦးမျိုးညွန့်က ပွင့်ဖြူမြို့နယ် ရွာသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် စစ်ကိုင်းမြို့ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့ထံလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီးဒေါ်အေးသီတာတို့က ညောင်ဦးမြို့ ရွှေမင်းဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလနှင့် တောင် ကုတ်မြို့ စေတျာရာမဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယဓဇတို့ထံလည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်တို့က မြစ်သားမြို့ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တဝေဠုရိယနှင့် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းဆရာတော် ဘဒ္ဒန္တဘဒ္ဒိယ တို့ထံလည်းကောင်း လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်များက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များထံလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၏ ဇနီးနန့်ကြင်ကြည်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၏ဇနီးဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများနှင့် တာဝန်ရှိသူများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။