နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၄၅)နှစ်မြောက် အခါသမယ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်ဂျေအင်း နှင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၄၅)နှစ်မြောက် အခါသမယ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်ဂျေအင်း နှင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့

နေပြည်တော် မေ ၂၀

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၄၅)နှစ်မြောက် အခါသမယ တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီး အပြန်အလှန် ပေးပို့ခဲ့ကြသည်။