တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၃၀/၂၀၁၆)

Printer-friendly versionSend by email

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၃၀/၂၀၁၆

၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်

(၂၀၁၆ ခုနှစ်၊ ဧပြီလ ၇ ရက်)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း        

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၆၊ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(င)၊ ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၂၂ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာသည့် အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁)

ဦးဒီဆင်ရမ်   

ကချင်ပြည်နယ်

(၂)

ဦးစိုင်းကျော်ဇံ

ကယားပြည်နယ်

(၃)

ဦးစောချစ်မြင့်လေး   

ကရင်ပြည်နယ်

(၄)

ဦးထန်ကျုံး(ခ) ဦးဆနီဇာဟိုး

ချင်းပြည်နယ်

(၅)

ဦးခင်မောင်လှ

စစ်ကိုင်းတိုင်းဒေသကြီး

(၆)

ဦးအုန်းမြင့်    

ပဲခူးတိုင်းဒေသကြီး

(၇)

ဦးဆန်းလင်း 

မကွေးတိုင်းဒေသကြီး

(၈)

ဦးအောင်ဝင်း

မန္တလေးတိုင်းဒေသကြီး

(၉)

ဒေါ်အေးအေးမို့

မွန်ပြည်နယ်

(၁၀)

ဦးကျော်လှထွန်း

ရခိုင်ပြည်နယ်

(၁၁)

ဦးဟန်ထူး

ရန်ကုန်တိုင်းဒေသကြီး

(၁၂)

ဦးတင်ဦး

ရှမ်းပြည်နယ်

(၁၃)

ဦးသိန်းရွှေ

ဧရာဝတီတိုင်းဒေသကြီး

            

  (ပုံ) ထင်ကျော်             

နိုင်ငံတော်သမ္မတ            

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်