လောက်ကိုင်မြို့နယ်၌ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၆

လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက်က လောက်ကိုင်မြို့ ထင်ပါကျိုင်းကျေးရွာအုပ်စု ဆီအောကျေးရွာအဝင်၌ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် သာဟုန်းမောင်းနှင်ပြီး ရန်လီတုန်း လိုက်ပါလာသညင့် မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းဖြူအလေးချိန် ၅ ဒသမ ၉၅ ကီလို၊ ဘိန်းညိုမှုနှင့်အလေးချိန် ၉ ဒသမ ၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀၀ တို့ကို သိမ်းဆည်းရမိသည်။

အလားတူ ယင်းနေ့က နယ်မြေခံတပ်မတော်သားများနှငင့် မူးယစ်တပ်ဖွဲ့စု(၂၁)ကွမ်းလုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်-ချင်းရွှေဟော် သွားကားလမ်း ချင်းရွှေဟော်မြို့အဝင်၌ လောက်ကိုင်ဘက်မှ ချင်းရွှေဟော်ဘက်သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ကို ရှာဖွေရာ ခရီးသည် ရှန်ရှောက်အဲထံမှ ဘိန်းဖြူအလေးချိန် ၀ ဒသမ ၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅၀၅ ပြားတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။