မီးဝစခန်းအား ရက်ပေါင်း ၄ဝ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားသည့် AA အဖွဲ့အား တပ်မတော်စစ်ကြောင်းက တွန်းလှန်တိုက်ထုတ်နိုင်ခဲ့

Printer-friendly versionSend by email

မီးဝစခန်းအား ရက်ပေါင်း ၄ဝ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားသည့် AA အဖွဲ့အား တပ်မတော်စစ်ကြောင်းက တွန်းလှန်တိုက်ထုတ်နိုင်ခဲ့

 

နေပြည်တော် မတ် ၂၀

မီးဝစခန်းအား ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ ထားသည့် AA အဖွဲ့အား တပ်မတော်စစ်ကြောင်းများက တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

AA အဖွဲ့သည် ဖေဖော်ဝါရီ ရက်မှစ၍ ပလက်ဝ- ကျောက်တော်လမ်းကြောင်းနှင့် မီးစာ- မတူပီ လမ်းကြောင်း ဆုံရာ နေရာတွင်တည်ရှိပြီး ဒေသတွင်း အချက်အချာ ကျသည့် မီးဝစခန်းအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ သို့အတွက် စစ်ကူတပ်များအား စေလွှတ်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ် ၁၁ ရက်တွင် တင်းမကျေးရွာ၊ မတ် ၁၃ ရက်တွင် ပြိုင်းတိုင်းကျေးရွာနှင့် အနီးတစ်ဝိုက်၊ မတ် ၁၄ ရက်တွင် မုန့်သန်းပြင်ကျေးရွာနှင့် အနီးတစ်ဝိုက်တို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ အထက်ပါဖြစ်စဉ်များတွင် အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ကာ AA အဖွဲ့လည်း သေဆုံး/ဒဏ်ရာ ရရှိမှုများရှိခဲ့ကြောင်း။

တပ်မတော်စစ်ကြောင်းများ၏ ချီတက်ထိုးဖောက် တိုက်ခိုက်မှုများကြောင့် လူစုကွဲနေသည့် အရာရှိ၊ စစ်သည် ၁၃ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း လက်ရှိ အချိန်အထိ အရာရှိ၊ စစ်သည်အချို့ ပျောက်ဆုံးလျက်ရှိပြီး ပြန်လည်ကယ်တင်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း။

AA အဖွဲ့သည် ပလက်ဝနှင့် ကျောက်တော်ကားလမ်းကြောင်းနှင့် ရေလမ်းကြောင်းကို စိုးမိုးထားသော နှုန်းဘူး စခန်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တိုက်ခိုက်ခြင်း၊ ပလက်ဝဒေသ အနောက်မြောက်ဘက်ခြမ်း နယ်စပ်ဒေသ အနီးရှိ စခန်းများအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်ခြင်း၊ ဘူးသီးတောင်-ရသေ့တောင်ဒေသအတွင်းရှိ ရက်ခုံတိုင်ကျေးရွာအနီးနှင့် ရေစီးချောင်းကျေးရွာတစ်ဝိုက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော စစ်ကြောင်းများအား ဖေဖော်ဝါရီ ရက်နှင့် ၁၀ ရက်တို့တွင် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများ၏ ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဆုတ်ခွာသွားခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။