မောင်တောမြို့နယ်၌ ARSAအဖွဲ့က ဆွဲမိုင်းတစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ ARSAအဖွဲ့က ဆွဲမိုင်းတစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

 

နေပြည်တော် မတ် ၃၀

မောင်တောမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် ARSAအဖွဲ့က ဆွဲမိုင်းတစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် နာရီ ၅၅ မိနစ်တွင် မောင်တော မြို့နယ် မင်္ဂလာညွန့်ကျေးရွာနေ ဦးစံအောင်ဖြူ (အသက် ၅ဝ)အပါအဝင် ဒိုင်းနက်အမျိုးသား ၁၂ ဦးသည် ငှက်ထောင်ချောက်များ သိမ်းရန်အတွက် ၎င်းတို့၏ ဆိုင်ကယ် လေးစီးအား ခမောင်းဆိပ်ကျေးရွာနှင့် အောင်ဇူ ကျေးရွာကြား ရပ်တန့်ထားခဲ့ကာ တောအတွင်းသို့ ခြေကျင် ဝင်ရောက်စဉ် ဘော်တလာကျေးရွာသွား လမ်းဆုံအနီး လှိုင်သီချောင်းတံတားနှင့် ပေ ၂၀ ခန့်အကွာ အရောက်၌ ARSA အဖွဲ့ က ဆွဲမိုင်းတစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဦးစံအောင်ဖြူနှင့်အဖွဲ့ ထွက်ပြေးစဉ် ၎င်းတို့၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီး ထားသည်ကို တွေ့ရှိရကြောင်း၊ နံနက် နာရီကျော်တွင် ဦးစံအောင်ဖြူပါ ၁၀ ဦးသည် ခမောင်းဆိပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ဦးစံအောင်ဖြူ အပါအဝင် သုံးဦးတွင် ပေါက်ပြဲ ဖူးရောင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိကာ အောင်သပြေကျေးရွာနေ ဦးကျော်သိန်းမောင်(၃၅ နှစ်)နှင့် ခမောင်းဆိပ်ကျေးရွာနေ ဦးမောင်မဲ (အသက်၂၀)တို့ နှစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း။

နံနက် နာရီခွဲတွင် ခမောင်းဆိပ်ဗျူဟာမှ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ခမောင်းဆိပ်မှထွက်ခွာ၍ အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး နယ်မြေရှင်းလင်းခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် မြေသား လမ်းတွင် အကျယ် ၁ဝ ပေ၊ အနက် ပေခန့် မြေကျင်း တစ်ခု ဖြစ်ပေါ်ပြီး အရှည်ပေ ၅၀ ခန့် နီ/နက် ဝါယာကြိုး တစ်ချောင်း၊ AK 47 ကျည်အ တစ်တောင့်၊ ယင်းကျည်ခွံ သုံးခု၊ ပျောက်ဆုံးနေသူ ဦးကျော်သိန်းမောင်နှင့် အနီးရှိ လှိုင်သီချောင်းဘေးတွင် ဦးမောင်မဲတို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည် ကို တွေ့ရှိခဲ့ကြောင်း။

နံနက် နာရီ ၅၅ မိနစ်တွင် ဦးစံအောင်ဖြူ အပါအဝင် ဒဏ်ရာရရှိသူသုံးဦးသည် ခမောင်းဆိပ်မှတစ်ဆင့် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။