မောင်တောမြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် ၃ မိုင် စစ်ဆေးဂိတ်၌ ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ် မောင်တော-အငူမော်ကားလမ်းအတိုင်း အငူမော်မှ ကျီးကန်းပြင်သို့ မောင်လှအေး (ဘ)ဦးကျားတောင် မောင်းနှင်လာသည့် LIFAN အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 6C/--— ခြောက်ဘီး ယာဉ် အား ရပ်တန့်စစ်ဆေးစဉ် ယာဉ် နောက်ခန်းပေါ်တွင် မိုးကာဖြင့်အုပ် ထားသည့် မသင်္ကာဖွယ်ရာ ဆာလာ အိတ် သုံးအိတ်ကို စစ်ဆေးခဲ့ရာ အိတ် များအတွင်းမှ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း ၄၈၇၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၉၇၅၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း။

အဆိုပါ မော်တော်ယာဉ်၊ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား ပြင်ဖြူနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။