စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

Printer-friendly versionSend by email

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

နေပြည်တော် ဇွန် ၃၀

ရခိုင်ပြည်နယ် စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ကြပ်ကြီး တစ်ဦးသည် ယမန်နေ့ ည ၈ နာရီ ၅ မိနစ်ခန့်တွင် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက် အကွက်(၃) မဏိပူရလမ်းရှိ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမျိုးသားနှစ်ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့သဖြင့် ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။