AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံများ ဖမ်းဆီးရမိ

Printer-friendly versionSend by email

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၅

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ မင်းကျောင်းတံတား အနီး၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် မင်းကျောင်းတံတားဘက်မှ အလယ်ချောင်း ကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ၎င်းတို့နှစ်ဦးမှာ AA အကြမ်းဖက် သောင်းကျန်းသူများဖြစ်နေပြီး သတင်းဆက်အရ ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းတွင် အလယ်ကျောင်း ကျေးရွာသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ ရှာဖွေစစ်ဆေးဖော်ထုတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံခြောက်ဦးအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။